Saturday, April 12, 2014

သမ္မတ အိုဘားမား ယခုနှစ်ထဲတွင် မြန်မာသို့ ဒုတိယအကြိမ်လာမည်

Mizzima

ယခုနှစ်ထဲတွင် အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာ၊ တရုတ် နှင့် သြစတြေးလျနိုင်ငံများသို့ ထပ်မံသွားရောက်မည်ဖြစ်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns က ပြောခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အာရှလူ့ဘောင်မူဝါဒသိပ္ပံ (Asia Society Policy Institute) စတင်တည်ထောင်ခြင်း အခမ်းအနားတွင် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက သမ္မတ အိုဘားမားသည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ နှင့် G-20 ထိပ်သီးညီလာခံများကို တက်ရောက်မည်ဖြစ်ရာ၊ မြန်မာ၊ တရုတ် နှင့် သြစတြေးလျ နိုင်ငံများသို့လည်း သွားရောက်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ထိုခရီးစဉ်မှာ ခြောက်နာရီကြာ ခရီးစဉ်ဖြစ်သည်။ အိုဘားမား၏ ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်တွင် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း လိုက်ပါခဲ့သည်။ ထိုခရီးစဉ်အတွင်း သမ္မတအိုဘားမားသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့လည်း သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင် အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတအိုဘားမား၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်တွင် သူသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း မိန့်ခွန်းပြောကြားခဲ့သည်။

No comments: