ဗိုလ်ကြီး ဖြိုးသက်ထွန်း
ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်း.(DSA-အပတ်စဉ် ၄၇ )ကပါ>>.မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။
ဗိုလ်လောင်း သင်တန်း အပတ်စဉ်(၄၇ )သင်တန်းဆင်း တစ်ယောက်ဖြစ် ကာ တပ်ရင်း (၈၅/၉၉)နဲ့ နေပြည်တော် စစ်ရုံးချုပ် တို့မှာ တာဝန် ထမ်းဆောင်ခဲ့ ဘူးပြီး ၂၀၁၃ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း ချို့ယွင်းမှု့ ကြောင့်ဆေးပင်စင် ယူကာ ကနေဒါ နိုင်ငံသို့ ထွက်ခွာခဲ့ ပါတယ်။
Online စာမျက်နှာ တွေကနေ နိုင်ငံရေး လူမျိုး/ဘာသာရေး သွေးထိုး လှုံ့ဆော် ၀ါဒဖြန့်နေသော pages တွေဟာ နေပြည်တော် စစ်ရုံး ချုပ်မှ ချုပ်ကိုင် ခိုင်းစေ နေေ ကြာင်းကို ကျွန်နော် ပါဝင်ပတ် သက်ခဲ့ဘူး သမျှ သိကျွမ်း ထားသ လောက်ဖောက် သည် ချပါရစေ..။
Online ပေါ်မှာ ၀ါဒဖြန့် တဲ့ လှုပ်ရှားမှု ကိုအစပြု ခဲ့တာ ကတော့ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း လောက်ကပါ...ကွန်ပျူတာကျွမ်းကျင် စွာကိုင် တွယ် အသုံးပြု တက်ပြီး ယုံကြည် စိတ်ချ ရလောက် တဲ့တပ်မတော် သား အယောက်(၆၀) ကို နေပြည် တော် စစ်ရုံးချုပ် ၀န်းအတွင်း ရှိ ဧရာဝတီအဆောင် ကွန်ပျူ တာခန်း မမှာ တစ်လ တိတိ သင်တန်းပေး ကန့် သွင်းကာ အယောက် (၅၀)ကိုဆန်ခါ တင် စီစစ်ေ၇ွး ချယ်ခဲ့ပါတယ်...ဘာစီမံချက် အတွက် ဘယ်လိုရည်ရွယ် ချက် တွေနဲ့ ၀ါဒဖြန့် ခိုင်းစေ ခဲ့တာလဲ ဆိုတာ ကိုတော့သိပိုင် ခွင့်မရှိ သလို တပ်ရဲ့ အစဉ် လာအရ အထက်က အမိန့်ရှိ သည့် အ တိုင်းတသ ဝေမတိမ်း နာခံရစမြဲ ဖြစ်ပါတယ်။
Online ၀ါဒ ဖြန့်ရေး စီမံချက် အတွက်ကျွန်နော် တို့ကို အဖွဲ့တွေ ဖွဲ့ကာ တာဝန်တွေ ကိုယ်စီ ခွဲပေးထား ပါတယ်။ ၀ါဒ ဖြန့်သတင်း ဆောင်းပါး တွေ ဒိုင်ခံ ရေးပြီး pages တွေမှာ တင်ပေးရ တဲ့ အဖွဲ့၊ pages တွေမှာ လှုံ့ဆော် ရေးသတင်း တင်လိုက်ရင် ကိုယ့်ဘက် ကနေ အလံခြူး လုပ် ပြီး posts တွေအောက်မှာ comment ၀င်ရေးကာ ပြန် share ပြီး ဖြန့် ဝေပေး ရတဲ့အဖွဲ့၊အစိုးရကောင်းကြောင်း သတင်း ဆောင်းပါးတွေနဲ့ လူမျိုး/ ဘာသာသွေးကွဲအမြင်စောင်း စေတဲ့ သ တင်းအချက် အလက်တွေ ကို နိုင်ငံခြားဘလော့ဂ် တွေကနေ ရှာဖွေပေး ရတဲ့ (ဥပမာ-Anti-Islam,Ban Islam, Islam Virus) ကဲ့သို့ ဘလော့ဂ်တွေ ကနေ လူမျိုး ဘာသာ မုန်းတီးရေး အကြောင်း အရာတွေ ကိုရှာဖွေစု ဆောင်း ရတဲ့ အဖွဲ့ ဆိုပြီး တာဝန်တွေ ခွဲပေးထားတယ်။ကျနော်တို့အဖွဲ့မှာ တစ်ယောက်ကို နာမည်ပေါင်းစုံနဲ့ acc (၁၀)ခု (၁၅) လောက်ဆီဖွင့်ပြီးလှုပ်ရှား စေခဲ့ပြီး နေ့ပိုင်း ညပိုင်းခွဲပြီး တာဝန်ထမ်း ဆောင်ရပါတယ်။
ကျွန်တော် တာဝန်ယူ လုပ်ဆောင် ပေးရတဲ့ အပိုင်းက တော့ဝါဒဖြန့်တဲ့ posts တွေအောက် မှာ acc ပေါင်းစုံနဲ့ ထော က် ခံတဲ့ ဘက်က comment ၀င်ရေး ပေးရပြီး အများသိ အောင်ပြန်လည် ဝေမျှဖြန့်ချိ ပေးရတဲ့ တာဝန်ပါ။ကျ နော် တို့ ကို တိုက်ရိုက် ညွှန်ကြား ကြပ်မတ် တာကတော့ စစ်ရုံး ချုပ်ရဲ့ပြန်ကြား ရေးဌာနက ညွှန်ချုပ် အဆင့်ရှိ တဲ့ ဗိုလ်မှူး ကြီး တွေ ကိုယ်တိုင် အနီးကပ်အမိန့် ပေး ညွှန်ကြား တာပါ။ ညွှန်ချုပ်ကြီး တွေကိုတော့ ဘယ်လို အကြီးအ ကဲတွေခိုင်းစေ နေတာလဲ ဆိုတာကို သိပိုင် ခွင့် မရှိပါဘူး...
Online သုံးနေတဲ့ ပြည်သူ တွေ သတိမ ထားမိလို့ပါ ကျွန်နော် တို့ ၀ါဒဖြန့်တဲ့ pages တွေတိုင်းမှာ NLD နဲ့ ဒေါ်စု မေ ကာင်းကြောင်း တွေ အတိုက် အခံ ပါတီနဲ့နိုင် ငံရေး ခေါင်း ဆောင်တွေရဲ့ အပြစ်အနာ အစာတွေ ကို ဟုတ်တာကော မဟုတ်တာ ကောရောပြီး ဆော် နေတာပါ။
ပြီးတော့ ကုလားတွေယုတ်မာ ရိုင်းစိုင်းတဲ့ အကြောင်းတွေ ကို အသားပေးပြီး ဖွပေးကာပြည်တွင်း ဖြစ်ပျက် နေတဲ့ ဘာ သာရေး အဓိက ရုဏ်းကို အချိန်တက် စေ မယ့်လုပ်ကြံ သတင်းဆောင်းပါး တွေကြည့် ရွေးချယ် တင်ပြ နေတာ ပါ။ ဆရာတော် အရှင်ဝီရသူနဲ့ ၉၆၉ အဖွဲ့ကိုလဲ ထောက် ခံအားပေး အားမြှောက်ပြုပေး တဲ့ ဘက်ကအမြဲလို လိုရပ် တည် ဖော်ပြပေး ရပါတယ်။
ဒါတွေက policy တွေဆို တော့ဘာရည်ရွယ် ချက်ကို ဦးတည် သလဲဆို တာကို ခန့်မှန်း ရခက်ပါတယ်။ ကျွန်နော် တို့ ကတော့ အထက် အရာရှိက ခိုင်းတဲ့ အ တိုင်း လုပ်ပေးရ တာပေါ့ပြည်သူ တွေက မြင်အောင် မကြည့်ကြ လို့ပါ သေချာ ဂရုစိုက်ပြီး သုံးသပ် ကြည့်ရင်ထင်သာ မြင်သာရှိပါတယ်။ ("လူထုမောင် ကာဠု "တို့ "ဗဟုသုတဟင်း ပေါင်းအိုး ကြီး" တို့လို pages တွေနဲ့ အလား တူ pages ပေါင်းမြောက် များစွာ ရှိပါသေးတယ်) ဒီလို ၀ါဒဖြန့်လှုံ့ ဆော်ရေးတွေကမြန် မာ နိုင်ငံရယ် လို့ မဟုတ် ပါဘူး အခြားနိုင်ငံ တွေမှာလဲရှိပါတယ်။လက်ရှိ အာဏာရ ပါတီရဲ့ သက်တမ်း ရပ် တည်မှု ရှည်ကြာရေး အတွက်နည်းမျိုး စုံသုံးပြီး လှည့်ကွက် ဆင်တဲ့ အနေနဲ့ လူမျိုးရေး ဘာသာရေး တိုက်ပွဲပုံစံဂွင် ဆင်ဖန် တီး၊ တစ်နည်းမဟုတ် တစ်နည်း သုံးပြီး အာဏာရ ပါတီ သက်ဆိုး ရှည်ဖို့ကြိုးပမ်းတဲ့ သဘော တွေ ပေါ့။
ကျွန်နော့ အနေနဲ့ ကိုယ်တိုင်ပါဝင်ပတ်သက် လှုပ်ရှားခဲ့တဲ့ ကိစ္စကို ယခုလို ဖွင့်ချရတယ်ဆိုတာ အကြောင်းရှိ ပါ တယ်။ တပ်မတော် သားတစ် ယောက်ဖြစ်ပြီး အစိုးရကို ချောက်တွန်းသလို ဖြစ်နေ ပေမယ့်ပြည် သူတွေ အပေါ် လုပ် ကြံသတင်း တွေနဲ့ ပွဲဆူအောင် ဖန်တီးကာအမုန်းပွား အာဃာတ မီးတွေ တောက် လောင်ေ စ အောင် မီးမြှိုက် ပေးနေ ရတာ ကိုယ့်ကို သူမသတီဖြစ် လာသလို ဒီလို လုပ်ရပ်တွေ အတွက်လဲ နောင်တကြီးစွာ ရမိလို့ပါ။
ကျွန်နော်တို့ အဖွဲ့ထဲ မှာလဲ အထက် အရာရှိတွေရဲ့ အမိန့်ကြောင့် တာဝန်ထမ်း ဆောင်နေ ရပေမယ့်ဒီလို အလုပ်မျိုး ကို မလုပ်ချင် တဲ့သူတွေအတော် များပါတယ်။ ဗုဒ္ဒမြတ်စွာ ဘုရားရဲ့ တရား တော်တွေနဲ့ လဲ ကိုက်ညီ မှုမရှိလေ တော့နေ့စဉ်နဲ့ အမျှ အပြစ်တွေ ကျူးလွန်နေ ရသလို ခံစားလာ ရပါတယ်။ ကိုယ့်ပ ယော ဂကြောင့် အပြစ်မဲ့ ပြည်သူတွေ အ ချင်း ချင်း စိတ်ဝမ်း ကွဲမှု့တွေ သေကြေ ပျက်စီးကာဘ၀ပျက်သွား သူတွေ ရှိနေ တာ မြင်နေတွေ့နေ ရတော့ စိတ်ထဲ မသိုး မသန့်ဖြစ် မိတာ အမှန်ပါ။ ဒီဝဋ်ကြွေး တွေကို တစ်နေ့ပြန် လည် ပေးဆပ် ရမယ် ဆိုတဲ့ အသိကမသိစိတ်ကို ချောက်လှန့် နေတော့ တာဝန်ကြောင့် သာ ထမ်းဆောင်နေ ရတယ် စိတ်ထဲ မှာမပျော်ရွှင် မိပါဘူး။
တပ်မတော် ကနေ မျက်လုံး ခွဲစိတ်ရမယ်အကြောင်းပြ ချက်နဲ့ ဆေး ပင်စင် ယူပြီး နိုင်ငံခြား ကို ထွက်ခွာ လာရခြင်းရဲ့အဓိက အကြောင်းခံ ကတော့ ပြည်တွင်း ဘာ သာရေးခေါင်းစဉ်နဲ့ အကြမ်းဖက် မှု့တွဖြစ်တော့ မိဘများ ကိုယ်စား ကျွန် နော့ကိုဒီလို ဘ၀မျိုး ရောက်အောင် ပြုစုကျွေး မွေးစောင့်ရှောက် ထားတဲ့ဦးကြီး တို့မိ သားစု ဘ၀ ပျက်ကာဒုက္ခသည် စခန်း ရောက်ခဲ့ရ ပါတယ်။ မီးရှို့ဖျက် ဆီးခံလိုက် ရလို့ ရှိတဲ့စီးပွားလည်း ပျက်သွားပြီး စိတ်ပိုင်း ဆိုင်ရာချို့ယွင်းမှု့ ပါခံ စား နေရပါ တယ်။
ဒီဖြစ်စဉ် ကို အထက်ကိုတင်ပြတော့ မသိကျိုးကျွံပြု ကာ သီးသန့် အနေနဲ့ ဘာကူ ညီထောက် ပံ့မှု့ မျိုးမှမလုပ်ပေး ခဲ့ပါဘူး၊ ဖုံးကွယ် ဖျောက်ဖျက် ထားခဲ့ပါ တယ်။ ကျနော့ ဘ၀ကိုလူတလုံးသူတလုံး ဖြစ်အောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ သူတွေ ကိုယ့်ပယောဂမကင်းတဲ့ ဆူပူအကြမ်း ဖက်မှု့တွေကြောင့် ဘ၀ပျက်ခဲ့ ခြင်းဟာ ကျေ နာ့ ကိုတပ်မတော် ကနေ ထွက် ခွာဖို့ တွန်းအား ဖြစ်စေ ခဲ့တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။
အစိုးရ အနေနဲ့ Online ပေါ်မှာ နိုင်ငံရေး လူမျိုးဘာသာ သွေးခွဲ လှုံ့ဆော်ဝါဒ မှိုင်းတိုက် နေခြင်းရဲ့ ရည်၇ွယ်ချက် ကို အတိ အကျ သိရှိမခန့်မှန်း နိုင်သော်လည်း ဒီမိုကရေစီ ခေါင်းစဉ် အောက်ရောက်ရှိ လာပြီးတဲ့ နောက်ပိုင်း ဆယ်သွယ် ရေး ကွန်ယက်ကြီး မားကျယ်ပြန့် ပွင့်လင်းမှုရှိ လာတဲ့ မြန်မာနိုင်ငံ မှာ လက်ရှိအာဏာ ရပါတီနဲ့ လွတ်လပ်ရေး ရပြီး နောက် ပိုင်း မြန်မာနိုင်ငံ အပေါ်ကြီးစိုး ချုပ်ကိုင် ထားတဲ့ စစ်တပ်ရဲ့ အနာဟောင်း တွေကိုဖုံးကွယ်ဖျောက် ဖျက်ဖို့ 0nline ၀ါဒဖြန့် ချိ ရေးကို ဒိုင်းကာ ဗာသဖွယ်အသုံးပြု ရန် နှင့် ပွင့်လင်းမြင် သာမှု ရှိစ သတင်း ကဏ္ဍ ပိုင်းမှာ ဆာ လောင်နေတဲ့ပြည်သူတွေ ကို သတင်း မှားတွေဖြန့်ချိ မှိုင်းတိုက် ကာ နိုင်ငံရေး မှာစိတ်ကြိုက် ချယ်လှယ် အုပ်ချုပ် နိုင်ဖို့လို့ ထင်မြင်ယူ ဆမိပါတယ်။
မြန်မာ ပြည်သူအား လုံး ဆင်ခြင် သတိပြုကာ အာဏာ ပိုင်တွေရဲ့ နိုင်ငံရေးလှည့်ကွက် အတွင်း အသုံးချ ခံနေရခြင်း မှ လွတ်ကင်း နိုင်ကြပါစေ လို့ ဆုတောင်းမေ တ္တာပို့ သရင်း ရှောင်ကျဉ် သတိပြု နိုင်ကြပါ စေကြောင်း....။

No comments:
Post a Comment