Friday, April 25, 2014

ပိုးသတ်ဆေးကြောင့် သေဆုံးရသည်ဟု ယူဆရသည့်အမှု ဆက်လက်စစ်ဆေး

ဇော်ဇော်ထွေး

လှည်းကူးမြို့နယ်တွင် ပန်းခင်း ဆေးဖျန်းနေသူတစ်ဦး ထမင်းစားစဉ် မူးဝေအော့အန်ပြီး သေဆုံးခဲ့မှုတစ်ခု ကို ညောင် နှစ်ပင်နယ်မြေရဲစခန်းက ဓမ္မတာတိုင်း သေဆုံးခဲ့ရခြင်း ဟုတ်မဟုတ် ဧပြီ ၂၁ ရက် နံနက်က အမှုဖွင့်ပြီး စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် လိုက်သည်။

ဧပြီ ၂၁ ရက် နံနက် ၁ နာရီ ၁၀ မိနစ် က လှည်းကူးဆေးရုံတွင် ပိုးသတ်ဆေး ပါး စပ်ထဲဝင်၍ လူနာတစ်ဦး ကုသနေစဉ် သေ ဆုံးကြောင်း သတင်းအရ နယ်မြေရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

သေဆုံးသူမှာ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဇုန် (၃)၊ ညောင်နှစ်ပင် ညီလာခံဝင်းတွင် နေထိုင်ပြီး ခြံစိုက်ပျိုးရေး လုပ်ကိုင်သည့် ကိုနိုင်လင်းအောင် (၃၅)နှစ်ဆိုသူဖြစ် သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။သေဆုံး သူသည် ဧပြီ ၂၀ ရက် ညနေ ၆ နာရီက နေအိမ်အနီးရှိ ပန်းခင်းတွင် ဖန်သိုအိတ်အမျိုးအစား ပိုးသတ်ဆေး ရည်အား သွားရောက်ပတ်ဖျန်းခဲ့သည်ဟု ကနဦးမေးမြန်းချက်အရ သိရှိထားရသည် ဟု ဆိုသည်။

ထို့နောက် ထမင်းစားနေစဉ် မူးဝေ အော့အန်လာသဖြင့် လှည်းကူးဆေးရုံသို့ ည ၁၁ နာရီတွင် တင်ပို့ကုသ ခဲ့ပြီး ည ၁၂ နာရီခွဲအချိန်တွင် သေဆုံးသွားသည်ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မဇင်မာဦးက ထွက်ဆိုထား သည်။

ယင်းကြောင့် ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးပေးရန် ဒု-ရဲအုပ် ဘိုဘိုထွဋ်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ညောင်နှစ်ပင် ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄) ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

No comments: