Monday, April 21, 2014

ပြန်လည် စတင်လာနေပြီး ဖြစ်သည့် TNLA နှင့် အစိုးရ တိုက်ပွဲများ

ရွှေဟင်္သာ

ရှမ်းပြည် အနောက်ပိုင်း သိန္နီမြို့ အခြေစိုက် အမှတ်(၁၆) စစ် ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ စစ်ကြောင်း များသည် တအာင်း အမျိုးသား လွတ်ြေ မာက်ေ ရး တပ်မ တော် (TNLA) လက်အောက်ခံ တပ်ရင်း (၄၇၈) တပ်ဖွဲ့အား လိုက်လံ တိုက်ခိုက် ခဲ့ရာ ယမာန်နေ့ ဧပြီ ၂၀ ရက်နေ့ ညနေ (၆)နာရီ ခန့်တွင် နန့်ခမ်း မြို့နယ် မန်အောင် ကျေးရွာ အ နီးတွင် တိုက်ပွဲဖြစ် ခဲ့ကြောင်း TNLA ပြန်ကြားရေး အဖွဲ့က ဆိုပါသည်။

“ တိုက်ပွဲက နာရီ ၀က်လောက်ဘဲ ရှိပါတယ်။ တိုက်ပွဲကြောင့် အစိုးရ တပ်တွေက မန်အောင် ကျေးရွာ ဖက်ကို လက် နက်ကြီး တွေ ပစ်သွင်းခဲ့တယ်။ ဒီတော့ မန် အောင် ကျေးရွာက အိမ်တလုံး ပျက်စီးတယ်။ လူထုတွေက ဘေးလွတ် ရာ ကို ထွက်ပြေးရ တာပေါ့” ဟုဆိုပါသည်။

ထိခိုက် ကျဆုံးမှု မသိရသေး သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် ရှိကြောင်း ဆိုပါသည်။ ယနေ့မနက် (၆) နာရီခွဲ တွင်လည်း ပဲခူးမြို့ အခြေစိုက် တပ်မ (၇၇) စစ်ကြောင်း တကြောင်း သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန် မြို့ နယ် ခေးခင်ကျေးရွာ အုပ်စု အိုမ်လော့ ကျေးရွာ အတွင်းသို့ လက်နက်ကြီး အလုံး (၃၀) ခန့်ပစ်သွင်း ခဲ့သည်ဟု ဒေ သခံများက ဆိုပါသည်။

ထိခိုက် ပျက်စီးမှု အသေးစိပ် မသိရသေး သော်လည်း ကျေးရွာထဲတွင် TNLA နှင့် KIA တပ်များ ရှိသည်ဟု အထင်ဖြင့် ပစ်ခဲ့ ကြောင်း အစိုးရ တပ်မ (၇၇) စစ်ေ ကြာင်း မှ ပြောဆိုခဲ့ သည်ဟု ပလောင် ကျောင်း သား အဖွဲ့က ဆိုပါသည်။

အလားတူ ပန်ဆေး ပြည်သူ့စစ်နှင့် အစိုးရ စစ်ကြောင်း များသည်၊ နမ့်ခမ်းမြို့နယ်၊ ကွန်ညာ၊ ဟွေလိတ်၊ မန် ပန်(၀ါ လိုက်)၊ အူမြ၊ပန်ခါး ကျေးရွာ ဒေသခံ များ ၏ တော ထဲ၌ စုပုံထားသည့် မီးသွေးအိတ် နှစ်သောင်း သုံးထောင်ခန့် နှင့် မီးသွေး တင်သည့် ကားတစီးအား ပြီးခဲ့သည့် ဧပြီ (၂၀) ရက်နေ့၌ပင် မီးရှို့ဖျက်ဆီးပစ် ခဲ့ သည်ဟု ဒေသခံများက ဆိုပါသည်။

လမ်းသွား လမ်းလာ သူများကိုလည်း TNLA ထောက်ခံ သူအဖြစ် ကြိမ်းမောင်း စွပ်စွဲနေ ခဲ့ပါသည်။ နမ့်ခမ်းမြို့နယ် ဒေ သ ခံများသည် အလုပ် လက်မဲ့ ဖြစ်ရာ ကနေ မီးသွေး လုပ်ငန်းကို လုပ်ကိုင် ခဲ့ကြပါသည်။

သို့သော် စစ်ရေး အကဲခတ် များကမူ KIA, TNLA နှင့် SSPP တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစု တပ်များသည် ပြီးခဲ့ သည့် ဧပြီ (၁၀)ရက်နေ့ ၌ ရှမ်းပြည်ြေ မာက် ပိုင်း နမ့် ဖတ်ကာ နှင့် နမ့်ခမ်းကြား ရှိ အစိုးရ တပ်ဖွဲ့ မှ အားပေးနေ သည့် တရုတ် ပန်းဆေးပြည် သူ့ စစ်များ ၏ နားခမ်း ခေါ် ဆင်းကြို င်စခန်း အား ဝင်ေ ရာက် သိမ်းပိုက် လိုက်ရာ လက်နက် ခဲ ယမ်း အများ အပြား သိမ်း ဆည်း လိုက်သည့် အတွက် အစိုးရတပ်များ က တုန့်ပြန် တိုက်ခိုက် ခြင်း ဖြစ်ဖွယ်ရှိ ကြောင်း အကဲခတ်များက ဆိုပါသည်။

အစိုးရ တပ်များ သည် ရှမ်းပြည် မြောက်ပိုင်း ရှိ TNLA တပ်ဖွဲ့များ နှင့် KIA တပ်မဟာ (၄) အား အဆက်မပြတ် တိုက် ခိုက် ခဲ့ကြပါသည်။ ကွတ် ခိုင်မြို့အခြေချ အ မှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၊ သိန္နီမြို့ အခြေချ အမှတ် (၁၆) လက်အောက်ခံ (စကခ) တပ်များ၊ အရှေ့မြောက်ပိုင်း တိုင်းဒေသခံ တပ်များ နှင့် စစ်ဆင်နေရာမှ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လမှစပြီး တပ်မ(၇၇) လက်အောက်ခံ ဧည့်တပ်များက ၀င်ရောက် လှုပ်ရှား နေခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် ဧပြီလ (၁၀) ရက်နေ့ မတိုင်ခင်အထိ ရှမ်းပြည်မြောက်ပိုင်း ရှိ TNLA နှင့် KIA တပ်များအား စစ်ဆင်နေခဲ့ ပါ သည်။ ပြီးခဲ့သည့် ဧပြီ (၁၀) ရက်နေ့မှ စပြီး အစိုးရ စကခ(၁၆)၊ စကခ(၂၁)၊ တပ်မ (၈၈)နှင့် တပ်မ (၉၉) တို့၏ အဓိက စစ်ကြောင်း များသည် ရှမ်းပြည်မြောက်ပိုင်း ဒေသနှင့် ဆက်စပ်နေသော KIA တပ်မဟာ (၃)နယ်မြေအား တပတ်ကြာ စစ်ဆင်ချိန်တွင် ရှမ်းမြောက် ဧရိယာ၌ စစ်ဆင်မှု ရပ်ထားခဲ့ သည်ဟု KIA တပ်မဟာ (၄) မှူး ဗိုလ်မှူးကြီး ဇောင်လီက ဆိုပါသည်။

အစိုးရ တပ်များသည် KIA တပ်မဟာ (၃)တွင် စစ်ဆင်ရေး ရပ်ခဲ့သည်နှင့် ရှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန် လည် စတင်လာခဲ့ ခြင်း ဖြစ်နေပါ သည်။ ဤသို့ကြောင့် အစိုးရ တပ်များသည် ထိုဒေသတွင် ရှိသော တိုင်းရင်းသား တပ်များကို မနားတမ်း စစ်ဆင်ခဲ့ သည်မှာ သေချာလှ ပါသည်။

No comments: