မောင်မန်း
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ဖြန့်ချိသည့် MEC ဆင်းမ်ကတ် နံပါတ်အလှများကို မေလ ၅ ရက်တွင် လေလံတင်ရောင်းချ သွားမည်ဟု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က သတင်းထုတ်ပြန်ထားသည်။
မေလ ၅ ရက်တွင် နံနက် ၁၀ နာရီတွင် ၉ မိုင်ရှိ သတင်းအချက်အလက်နှင့် မိုဘိုင်းဆက်သွယ်ရေးရုံးတွင် လေလံတင်ရောင်းချသွားမည် ဖြစ်ပြီး နောက်ဆုံး ဂဏန်း ခြောက်လုံး အပူး၊ နောက်ဆုံးဂဏန်း ၅ လုံးအပူး၊ နောက်ဆုံးဂဏန်း လေးလုံးအပူး၊ နောက်ဆုံး သုံးလုံး နှစ်ထပ်အပူး စသည့် နံပါတ်များ ပါဝင်မည် ဖြစ်သည်။
စုစုပေါင်းလေလံတင်မည့် နံပါတ်အလှဆင်းမ်ကတ်ပေါင်း ၂၄၃ ကတ်ရှိမည် ဖြစ်ပြီး ကြမ်းခင်းဈေးကိုမူ ဖော်ပြထားခြင်း မရှိပေ။
နောက်ဆုံးခြောက်လုံး အပူးနံပါတ် ( ဥပမာ ၀၉ ၃၀ ၂၂၂၂၂၂ ) ကတ်အရေအတွက် ၃ ကတ်၊ နောက်ဆုံး ငါးလုံး အပူး( ဥပမာ ၀၉ ၃၀၃ ၀၀၀၀၀) ကတ်အရေအတွက် ၂၁ ကတ်၊ နောက်ဆုံးလေးလုံး အပူး (ဥပမာ ၀၉ ၃၀ ၄၄ ၅၅၅၅) ကတ်အရေအတွက် ၁၅၀ ကတ် နှင့် နောက်ဆုံးသုံးလုံး နှစ်ထပ်ပူး(ဥပမာ ၀၉ ၃၀ ၅၅၅ ၀၀၀) ကတ်အရေအတွက် ၉ ကတ်တို့ကို လေလံတင်ရောင်းချသွားမည် ဖြစ်သည်။
MEC က ပြည်တွင်းဖုန်းခေါ်ဆိုခ တစ်မိနစ် ၃၅ ကျပ်နှုန်းကောက်ခံနေပြီး အင်တာနက်အသုံးပြုရန်လျှောက်ထား ခြင်းအတွက် အခမဲ့ဝန်ဆောင်မှု ပေးနေသည်။
No comments:
Post a Comment