Tuesday, April 28, 2015

မြန်မာ နယ်စပ်အရေး ဖြေရှင်းဖို့ တရုတ်သမ္မတဆို

ABC

မန်မာနဲ့ ​တရုတ်နိုင်ငံအကြား ​ပူးပေါင်းမှုတွေ ​မြင့်တင်ဖို့ ​တရုတ်သမ္မတနဲ့ ​လွှတ်တော်နာယက ​သူရ ​ဦးရွှေမန်းတို့ ​သဘောတူခဲ့ကြပါတယ်။

သူရဦးရွှေမန်းနဲ့ ​တရုတ်သမ္မတ ​ရှီကျင်ပင်းတို့က ​မနေ့တုန်းက ​ဘေကျင်းမြို့မှာ ​တွေ့ဆုံစဉ်အတွင်း ​သဘောတူခဲ့ကြတာပါ။

သမိုင်းတလျှောက် ​ကောင်းမွန်လာတဲ့ ​တရုတ်နဲ့ ​မြန်မာ ​ဆက်ဆံရေးကို ​တရုတ်သမ္မတက ​ချီးမွမ်းပြောဆိုခဲ့ပြီး ​ရေရှည်မှာလည်း ​ဆက်လက် ​ပူးပေါင်းကြဖို့ ​ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ​တရုတ်နယ်စပ်မှာ ​ဖြစ်နေတဲ့ ​ကိုးကန့် ​တိုက်ပွဲတွေကို ​လျှော့ချပြီး ​တည်ငြိမ်အေးချမ်းမှုရှိအောင် ​လုပ်ဆောင်ဖို့လည်း ​တိုက်တွန်းလိုက်ပါတယ်။

တရုတ်အစိုးရရဲ့ ​ကွန်မြူနစ်ပါတီက ​မြန်မာနိုင်ငံ ​ကြံ့ခိုင်ရေးနဲ့ ​ဖွံ့ဖြိုးရေးပါတီအပေါ် ​ထားတဲ့ ​ဆက်ဆံရေးကို ​အလေးထားတဲ့အကြောင်း ​ပြောဆိုပြီး ​ပါတီနှစ်ခုအကြား ​အမြဲတမ်း ​ဆက်သွယ် ​ဖလှယ်မှုတွေ ​လုပ်ဖို့ ​တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်နာယက ​သူရဦးရွှေမန်းကလည်း ​အရင်နှစ်က ​လည်ပတ်ခဲ့တဲ့ ​တရုတ်ခရီးစဉ်ကို ​သတိယပြီး ​တရုတ်ကွန်မြူနစ် ​ပါတီနဲ့ ​ခင်မင်မှု ​ရှိသလို ​တရုတ်လူမျိုးနဲ့ ​တရုတ်သမ္မတ ​အပေါ်လည်း ​ခင်မင်ကြောင်း ​ပြောဆိုခဲ့ပါတယ်။

တရုတ်ကွန်မြူနစ် ​ပါတီနဲ့ ​ဖလှယ်မှုတွေ၊ ​ဆက်ဆံရေးတွေ ​တိုးပွားအောင် ​ကြိုးစားသွားမယ်လို့လည်း ​ပြောကြောင်း ​ရှင်ဟွာ ​သတင်းမှာ ​ပါရှိပါတယ်။

သူရဦးရွှေမန်းဟာ ​တရုတ်ခရီးစဉ်အပြီး ​မနက်ဖြန်မှာတော့ ​အမေရိကန်ကို ​ရောက်ရှိမှာ ​ဖြစ်ပါတယ်။

No comments: