Thursday, January 1, 2009

ဘင်္ဂလာဒေခ်ျ့ ရွှေးကောက်ပွဲ အ၀ါမီလိဂ် ပါတီ တခဲနက် အောင်ပွဲခံ

Narinjara News

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အထွေထွေ ရွှေးကောက်ပွဲကို ဒီဇင်္ဘာလ ၂၉ ရက်နေ့က ကျင်းပရာ ရှစ်ဟာဆီးနာ ဦးဆောင်သော ၁၄ ပါတီ မဟာမိတ် တပ်ပေါင်းစုက အပြတ်အသတ် အနိုင်ရရှိပြီး တခဲနက် အောင်ပွဲခံခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပါလီမန် အမတ် နေရာ ၃၀၀ ရှိရာ ၂၆၂ နေရာကို အ၀ါမီလိဂ် ပါတီ ဥက္ကဌ ရှစ်ဟာဆီးနာ ဦးဆောင်သော ၁၄ ပါတီ မဟာမိတ် တပ်ပေါင်းစုက အနိုင် ရရှိခဲ့သည်။

ယခင် အစိုးရ ဖြစ်ခဲ့သော ခါလစ်ဒါဇီယာ ဦးဆောင်သည့် ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ (ဘီအန်ပီ)မှာ အမတ်နေရာ ၃၂ နေရာသာ ရရှိခဲ့ပြီး သမိုင်းတွင် မကြုံဖူးအောင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

တခြား နေရာ ၅ နေရာအား တခြားပါတီငယ် တခုနှင့် တသီးပုဂ္ဂလ ယှဉ်ပြိုင်သူများမှ အနိုင်ရရှိခဲ့ပြီး အမတ်နေရာ ၁ နေရာတွင် လုံခြုံရေး အခြေအနေကြောင်း ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခုပြုလုပ်သော ရွှေးကောက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ကိုးကြိမ်မြှောက် ဖြစ်ပြီး ပါတီပေါင်း ၃၈ ခုမှ အမတ်လောင်း ၁၅၅၅ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ရွှေးကောက်ပွဲ ကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မဲဆန္ဒပေးပိုင်ခွင့် ရှိသူ ကျား ၃၉၈၂၂၅၄၉ ရှိပြီး မ ၄၁၂၃၆ ၁၄၉ ဦးရှိသည်။

ယခုပြုလုပ်သော ရွှေးကောက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် တရားမျှတမူနှင့် အအေးချမ်းဆုံး ရွှေးကောက်ပွဲ တခုဖြစ်ပြီး နိုင်ငံတကာ အပါအ၀င် ပြည်တွင်းမှ လေ့လာအကဲခတ်သူ ၂ သိန်း ခန့် ပါဝင် အကဲခတ်ခွင့် ရရှိ ခဲ့သည်။

သို့သော်လည်း ရွှေးကောက်ပွဲတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့ရသည့် ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ ဥက္ကဌ ခါလစ်ဒါဇီယာကမူ ရွှေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆိုနေသည်။


No comments: