နှောင်းလှိုင်/ ဇူလှိုင် ၁၄၊ ၂၀၀၉
ကရင် နီပြည် မယ်စဲ့မြို့ နယ်တွင် ကရင်နီ တပ်မတော် နှင့် မြန်မာ စစ်အစိုးရ တပ် ခလရ ၁၃၅ တပ်ဖွဲ့ တို့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ များ ဖြစ်ခဲ့ကြ ရာ စစ်တပ်မှ ၁ ဦး ကျဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိ သွားကြောင်း တိုက်ပွဲ တွင် ပါဝင် ခဲ့သော ကရင်နီ တပ်မတော် သား တဦး က ပြောသည်။
ယခုလ ၈ ရက်နေ့ညနေပိုင်းတွင် ထူးဝိုင်လူးချောင်းတွင် တကြိမ်ဖြစ်ပွားကာ ၎င်းတိုက်ပွဲတွင် စစ်အစိုးရဘက်မှ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၉ရက်နေ့ နံနက်တွင် ကောက်ကောက်နှင့် ခြောက်ပွိုင့်ကြားတွင် ထပ်မံဖြစ်ပွားရာ စစ်အစိုးရ ဘက်မှ ၁ ဦး ကျဆုံးခဲ့ပြီး ကရင်နီတပ်မတော် ဘက်မှ တစုံတရာ ထိခိုက်မှုမရှိဟု ဆိုပါသည်။
“သူတို့က သူ့စခန်းကနေ အပြင်ကိုထွက်တယ် အပြင်ထွက်မှ ကျနော်တို့နဲ့ တိုးကြတာပေါ့ တိုးကြပြီးတော့ ကျနော် တို့က အရင်ပစ်တယ်” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သူ ကရင်နီတပ်မတော်တဦးက ပြောသည်။
ကရင်နီတပ်မတော်မှ စောထူးဂေ ဦးဆောင်သည့် လူအင်အား ၁၀ ဦးတပ်ဖွဲ့နှင့် စစ်အစိုးရတပ်မှ တပ်ရင်းမှူး အောင်တိုး ဦးဆောင်သော လူအင်းအား ၂၀ တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုလအစောပိုင်းကစပြီး ကရင်နီအမာခံတပ်စခန်းဖြစ်သော ညာမိုကုန်းကို မြန်မာစစ်တပ်ဘက်မှ လက်နက်ကြီး များဖြင့် မကြာခဏ ပစ်ခတ်လာမှုများရှိနေကြောင်း ညာမိုတပ်စခန်းမှ ကရင်နီတပ်မတော် ဗိုလ်မှူးတဦးက ပြောသည်။
No comments:
Post a Comment