သတင်းနှင့်မီဒီယာကွန်ယက်။
ကချင် ပြည်နယ်၊ မိုးကောင်း မြို့နယ်၊ နမ္မတီး ကျေးရွာ အုပ်စု မရမ်း ကျေးရွာ သားများ ပိုင်သည့် ဒညင်း သီးခြံ ဧက ၂၀၀ ကျော်အား တပ် ရင်း မှူးပိုင် ခြံအဖြစ် လွဲပြောင်း ပေးရ မည် ဒေသခံ စစ်တပ် က ပြောကြောင်း ဒေသခံ များက ပြောသည်။
ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း မှ တပ်ရင်းမှူး ဗိုလ်မှူးရဲရင့်သွေးသည် ဒညင်းခြံပိုင်ရှင် ၆၆ ဦးထံမှ မြန်မာ ကျပ်ငွေ ၈ သိန်း အခွန်ပေးရန် တောင်းခံခဲ့ပြီး မပေးပါက ထိုဒညင်းခြံများအား ၎င်းပိုင်ခြံအဖြစ် အမည်လွဲပေးရန် တောင်းဆိုခဲ့သည်။
အခုလ ၈ ရက်နေ့ ညနေပိုင်းအချိန် ထိုအမြောက်တပ်ရင်းမှ တပ်ကြပ်ကြီးတဦးကဒညင်းခြံ ပိုင်ရှင်များအား အ စည်းအဝေးခေါ်ယူ၍ပြောခဲ့သည်ဟု ဒေသခံရွာသားတဦးက ပြောသည်။
“ကျနော်တို့က ဒညင်းသီးရောင်းပြီးမှပဲ ပေးလို့ရမယ်။ အခုကကျနော်တို့ဆီမှာ ပိုက်ဆံမရှိဘူးလို့ ခြံရှင် တွေကပြောတော့ ဒါဆိုရင်ခင်ဗျားတို့ အဲဒီခြံတွေအကုန်လုံးက ဗိုလ်မှူးရဲရင့်သွေးရဲ့ခြံပဲ ဆိုတာခင်ဗျား တို့ မှတ်ထားကြပါလို့ အဲလိုပြောလိုက်တယ်။”
လောလောဆယ်အခြေအနေအရ ဒညင်းခြံများ၌ အမြောက်တပ်ရင်းမှ စစ်သားများအားအစောင့်ချထားပြီး ဒညင်း သီးခူးယူခွင့်ကိုလည်း ပိတ်ထားသည်ဟု ၎င်းကဆက်ပြောသည်။
“ခြံအကြီးအသေးလိုက်လို့ တခြံကို ကျပ်သုံးသောင်းကနေ ငါးသောင်း အထိပေးရတယ်။အခုက ဒညင်း သီးတွေပေါ်နေပြီလေ။ အခွန်မဆောင်ခိုင်းတော့ပဲနဲ့ အခုလိုသိမ်းလိုက်တာ။”
ယခုလို စစ်တပ်မှ အနိုင်ကျင့်မှုအပေါ် မကြေနပ်သည့်အတွက် ဒညင်းခြံပိုင်ရှင်များက မိုးကောင်းမြို့နယ် မယက နှင့် မြစ်ကြီးနားမြို့နယ် ခယကသို့ စာရေးတိုင်ကြားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး မရမ်းကျေးရွာဥက္ကဋ္ဌ အပါအ၀င် ခြံပိုင်ရှင် ၆၆ ဦးမှ လက်မှတ်ရေးထိုးကာ ခရိုင် ခယကသို့ လာရောက်တိုင်ကြားခဲ့သည်ဟု မြစ်ကြီးနားရောက် ခြံ ပိုင်ရှင်တဦးက ပြောသည်။
ဒညင်းခြံအားလုံး၏ တနှစ်ဝင်ငွေမှာ သိန်းတစ်ရာကျော်ရှိပြီး ဒေသခံများ၏ စားဝတ်နေရေး အတွက် ဒညင်းခြံကို မီခိုနေရသည်။
မရမ်းကျေးရွာ အခြေစိုက် အမြောက်တပ်ရင်းမှ စစ်သားများက မေလ(၃၁) ရက်နေ့က မရမ်းကျေးရွာသူ ကချင် အမျိုးသမီးငယ်တဦးအား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုနှင့် ကျေးရွာရှိ လူငယ်များအား အပြစ်မရှိဘဲ ရိုက်နက် ခဲ့မှုကြောင့် အမြောက်တပ်ရင်းမှူး ဗိုလ်မှူးရဲရင့်သွေး အား အထက်မှခေါ်ယူစစ်ဆေးမှုများရှိခဲ့ပြီး ယခုလို ဒညင်းခြံ များ သိမ်းဆည်းမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment