မစ္စတာ ဘန်ကီမွန်း နှင့် တွေ့ဆုံ ခဲ့ခြင်း နှင့် စပ်လျဉ်း ၍ အန် အယ်လ်ဒီ က ယနေ့ ကြေညာ ချက်တစောင် ထုတ်ပြန် ခဲ့ကြောင်း ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။၎င်းက “မစ္စတာ ဘန်ကီမွန်း နဲ့ တွေ့ရ စဉ်ပြော ခဲ့တဲ့ အချက် အလက် တွေရယ်။ တွေ့ချိန် နည်းပါး ခဲ့တာ ရယ်တွေ ကို လူထု သိအောင် ဖော်ပြ ထားတာ ပါ။ အန်အယ်လ်ဒီ ဘက်က အားရ မှုမရှိ ဘူးပေါ့ဗျာ” ဟု ဆိုသည်။
မြန်မာ့ နိုင်ငံ ရေးပြ ဿနာများ အား ကူညီ ဖြေရှင်း ရန်လာရောက် သည့် မစ္စတာ ဘန်ကီမွန်း ကို ဇူလိုင် (၃) ရက်တွင် အန်အယ် လ်ဒီ ပါ တီ ဗဟို အလုပ် အမှုဆောင် ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့် နှင့် ဦးသန်းထွန်း တို့က အခြား သော နိုင်ငံ ရေးပါတီ (၁၀) ခုမှ လူများ နှင့် အ တူ နေပြည်တော် သို့ သွားရောက် တွေ့ဆုံ ခဲ့ကြ သည်။
“တွေ့စ မှာပဲ မစ္စတာ ဘန်ကီမွန်း က အချိန် မရလို့ ပါတဲ့။ သူနဲ့ နံပါတ်ဝမ်း နဲ့ တွေ့ခဲ့ပြီး ပါပြီတဲ့။ နိုင်ငံ ရေး ပါတီ တွေက လည်း ဒီမို ကရေစီ ရရှိရေး အတွက် တစည်း တလုံးနဲ့ ဆောင်ရွက်ဖို့ လိုပါ တယ်လို့ ပြောတယ်။ ပြောပြီး တော့ နိုင်ငံရေး ပါတီ တခုကို (၂) မိနစ်ပဲ အချိန် ရ မယ်။ (၂) မိနစ်ပဲ တင်ပြပါ လို့ပြော တယ်။ အဖွဲ့ချုပ်က (၂) မိနစ်ဆိုတာ အချိန် နည်း လွန်းတယ် မလိုက် နာနိုင် ပါဘူး လို့ ပြန်ပြော ခဲ့ရ တယ်” ဟု ဦးအုံးကြိုင် က ပြောသည်။
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းကြောင့် အစည်းအဝေးအပြီးတွင် မစ္စတာဘန်ကီမွန်း၏ ကိုယ်ရေးအရာရှိက မစ္စတာဘန်ကီမွန်း၏ ဧည့်ဆောင်သို့ အန်အယ်လ်ဒီကိုယ်စားလှယ်များအား ခေါ်ဆောင်သွားကာ (၁၀) မိနစ်ခန့် ထပ်မံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ သီးသန့်တွေ့ဆုံရာတွင် အန်အယ်လ်ဒီပါတီဘက်မှ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုပေး ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီသည်များအား ပြင်ဆင်ပေးရေးတို့ကို အဓိကထား ညှိနှိုင်းပေးစေလိုသည်ဟု ဆွေးနွေးတင်ပြခဲ့ကြောင်း ဦးအုံးကြိုင်က ပြောသည်။
မစ္စတာဘန်ကီမွန်းအနေဖြင့် ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အများယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတို့ အတွက် အဓိကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ခရီးစဉ်မစတင်မီကပင် ပြောကြားခဲ့သည်။
သို့သော် လာရောက်ချိန်တွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် လုံလောက်သောအချိန်မပေးနိုင်ခဲ့ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။
နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် (၂) ကြိမ်တိုင် တိုင် တောင်းဆိုခဲ့သည်ကို ပယ်ချခံခဲ့ရသည်။
မစ္စတာဘန်ကီမွန်းကိုယ်တိုင်ကလည်း ဘန်ကောက်လေဆိပ်တွင် နိုင်ငံတကာသတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုခရီးစဉ် အတွင်း ၎င်းအနေဖြင့် များစွာစိတ်ပျက်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
No comments:
Post a Comment