Narinjara News
ရခိုင်ပြည် နယ် မြို့တော် စစ်တွေရှိ လူသိ များသော သံပုရာ သီး ခွဆုံ (လမ်းဆုံ)တွင် လူကြီးများ စကားပြောဆို ဆွေးနွေး ခြင်းကို အာဏာပိုင် များက ပိတ်ပင် လိုက်သည်။
အမည်မဖေါ်လိုသူ လူကြီး တဦးက “ ကျနော်တို့အထဲက အသက်အရွယ် ကြီးရင့်နေတဲ့ လူကြီး နှစ်ဦးကို အမှတ်(၁) ရဲစခန်းကို ခေါ်ယူပြီး သံပုရာသီး ခွဆုံမှာ လူစု လူဝေး မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ ဒါ့အပြင် ဦးဥတ္တမ ပန်းခြံထဲမှာလည်း လူတွေ စုပြီး စကားပြောတာတွေ မလုပ်ဖို့ ပြောတယ်လို့ သိရပါတယ် ” ဟု ပြောသည်။
စစ်တွေတွင် သံပုရာသီး ခွဆုံမှာ မင်းကြီး ကျောက်တန်း အနီးတွင် တည်ရှိပြီး အသက်အရွယ် ကြီးရင့် နေသူများ၊ အစိုးရ အငြိမ်းစားရ ၀န် ထမ်းများနှင့် အလုပ်အကိုင် မရှိသူ အသက် ၆၀ ထက် အထက် လူကြီးများ စုဝေး စကား ပြောဆို လေ့ရှိသော နေရာဖြစ်သည်။
ကမ်းနားလမ်းက လူငယ် တဦးက “လူကြီးတွေက အမြဲ သံပရာသီး ခွဆုံက လဘက်ရည် ဆိုင်တွေမှာ စုဆုံပြီး နိုင်ငံရေး အကြောင်း၊ အစိုးရ အကြောင်း၊ ဘော်လုံးပွဲ အကြောင်း စတာတွေကို ပြောကြဆိုကြ ငြင်းခုံကြလေ့ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်ကတည်းက စစ်တွေမှာ တည်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ခုတော့ လူကြီးတွေ လွတ်လပ်မူကို စစ်အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ ကြားရပါတယ် ” ဟု ပြောသည်။
ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ အဆိုပါ အသက်အရွယ်ကြီးရင့်နေသော လူကြီးများမှ ရေဒီယိုမှ ထုတ်လွင့်သော သတင်းများ အပြင် တခြားမှ ရရှိသော သတင်းများကို သံပရာသီး ခွဆုံတွင် ထိုင်ကာ အချင်းချင်းဖလှယ်ပြီး နိုင်ငံရေး အခြေအနေများကို သုံးသပ် ဝေဖန် ပြောဆိုကြလေ့ရှိသည်ဟု သိရသည်။
“ကျနော်တို့ လူကြီးတွေဆိုတော့ နိုင်ငံရေး လုပ်တာတော့ မဟုတ်ပါဘူး။ ဘီဘီစီ၊ ဗွီအိုအေနဲ့ အာရ်အက်ဖေတို့က မြန်မာ သတင်းတွေပါလာရင် သူအထင် ကိုယ်အထင် ပြောကြ ဆိုကြ ငြင်းခုံကြတာတွေတော့ ရှိပါတယ်။ ဒါကို အာဏာပိုင်တွေက အစိုးရကို ဆန့်ကျင်တဲ့ စကားတွေ ပြောတယ်လို့ ယူဆပြီး ခုလို ပိတ်ပင်တာ ဖြစ်ပါတယ် ” ဟု အဆိုပါ လူကြီးက ပြောသည်။
စစ်တွေတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်မည်ကို အာဏာပိုင်များက စိုးရိမ်မူရှိနေပြီး လုံခြုံရေး တင်းကျပ်ထားစဉ် ထိုကဲ့သို့ သံပရာသီး ခွဆုံနှင့် ဦးဥတ္တမ ပန်းခြံတွင် လူကြီးများ စုဝေး စကားပြောဆိုခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
စစ်တွေတွင် အဆိုပါ လူကြီးများ အမြဲမပြတ် စုဆုံနေသော ၎င်းနေရာအား သံပရာသီး ခွဆုံ(လမ်းဆုံ)ဟု အမည်ပေးထားခြင်းမှာ အသက်အရွယ် ကြီးရင့်နေသော အဆိုပါ လူကြီးများ အနေဖြင့် နိုင်ငံရေး၊ လူမူရေး အပါအ၀င် အချစ်ရေး၊ ကြိုက်ရေး၊ အိမ်ထောင်ရေးနှင့် အမျိုးသမီး အရေးများကိုပါ အဆိုပါ နေရာတွင် ဆွေးနွေး ငြင်းခုံလေ့ရှိ ကြသဖြင့် စစ်တွေဒေသခံများက အဆိုပါ နေရာရောက် လူကြီးများကို သံပရာသီးဟု အမည်ပေးရာမှ အဆိုပါနေရာကို လူအများက သံပရာသီး ခွဆုံဟု ခေါ်ဆိုကြခြင်း ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment