လယ်ရီဂျေဂင်
မြန်မာ စစ်အစိုးရ တပ်တွေနဲ့ ကိုးကန့် တပ် တွေအကြား အခုလို တိုက်ပွဲတွေ မဖြစ်ခင် ကတည်းက တရုတ် နဲ့မြန်မာ ဆက်ဆံရေး ခပ် တန်းတန်းဖြစ် လာနေ တာပါ။ စစ် အစိုး ရ က အပစ်ရပ် တိုင်းရင်းသား တပ်ဖွဲ့ တွေကို နယ်ခြား စောင့်ရဲ အဖြစ် အသွင်ပြောင်း လဲပြီး လာ မယ့်နှစ် ရွေးကောက်ပွဲမှာ အ၀င်ခိုင်း ဖို့ကြိုး စား နေပေမယ့် ကိုးကန့် တပ်ဖွဲ့တွေ အပြင် ကချင်နဲ့ ၀တပ်ဖွဲ့ တွေက ဒီကိစ္စကို လက်မခံ ကြပါဘူး။
ဒီနေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်နက် ဖျက်သိမ်း ဖို့အတွက် တရုတ် ကကြားဝင် ဆောင်ရွက်မ ပေးတဲ့အပေါ် မြန်မာ စစ်အစိုးရက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ အားမလို အားမရ ဖြစ်လာ နေပါတယ်။
ဒီအချက်ကို လူသိထင်ရှား ပြသလိုက် တာကတော့ အမေရိကန် အထက်လွှတ်တော် အမတ်မြန်မာ နိုင်ငံကို လာရောက်ဖို့ လိုလိုလား လား ဖိတ်ခေါ်ပြီကြိုဆို ပြသ လိုက်တာ ပါပဲ။ တနည်း အားဖြင့် အမေရိ ကန်ပြည်ထောင်စု နဲ့ ဆက်ဆံရေး လုပ်ဖို့ စိတ်ဝင်စား ပါတယ် ဆိုတာ ကိုဖော်ပြ လိုက်တာဖြစ်ပြီး တချိန်တည်းမှာ တရုတ်အစိုးရ ကို`“ငါတို့တော့ သိပ်စိတ် မရှည်တော့ ဘူးလို့ သတိပေး လိုက်တာ ပါပဲ။ ဒါပေ မယ့် စစ်အစိုးရက ကိုးကန့်တပ်ဖွဲ့ တွေကို ဘာမှကြို မပြောဘဲ တိုက်ခိုက်ခဲ့တဲ့ ကိစ္စမှာ တော့တရုတ် အစိုးရ အနေနဲ့ အောင့် သက်သက်ဖြစ် သွားရပါတယ်။
တိုက်ပွဲတွေဖြစ်ပွါးပြီးနောက်နှစ်ဘက်သံသမန်တွေစေလွှတ်ကြရာမှာပြီးခဲ့တဲ့ အပတ်က တရုတ် အစိုးရက နေပြည်တော်ကို သံသမန်တစ်ဦးစေလွှတ်ပြီးနယ်စပ်တည်ငြိမ်ရေးအတွက်စိုးရိမ်ပူပန်ကြောင်း မြန်မာစစ် အစိုးရ ကို ပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ လက်ရှိ ပဋိပက္ခဟာခပ်တန်း တန်းဖြစ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည်မှာအများ ကြီး ဂယက်ရိုက်လာနိုင်တဲ့ အန္တရာယ်ရှိလာနိုင်မယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။အခု ကိုပဲ အဲဒီအရိပ် လက္ခ ဏာတွေတွေ့ နေရပါပြီ။
ဒီတပတ်ထုတ်မြန်မာတိုင်းသတင်းစာရဲ့ နိုင်ငံတကာ သတင်းကဏ္ဍမှာ တိဗက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒရိုင်လား မားထိုင်ဝမ်နိုင်ငံကို အလည်လာရောက်တဲ့ သတင်းကို စာပေစီစစ်ရေးရဲ့ခွင့်ပြူချက် ဖော်ပြထားတာတွေ့ရပါတယ်။ ဒါဟာနှစ်ပေါင်း၂၀ကျော်အတွင်းမြန်မာအစိုးရ သတင်းစာတစ်စောင်မှာ ဘုန်းတော်ကြီးဒရိုင်လားမားရဲ့ သတင်းကိုပဌမဆုံးအကြိမ် ဖော်ပြတာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာတရုတ်မြန်မာဆက်ဆံရေးရဲ့ သဘော သဘာဝ အစစ်အမှန်ကို ဖော်ပြနေတာ ဖြစ်ပါ တယ်။ အရင်တုန်းက တရုတ်နဲ့ မြန်မာဆက်ဆံရေးဟာ“လင်နဲ့ မယားဆက်ဆံရေးလို ခိုင်မာတဲ့ဆက်ဆံရေးဖြစ်တယ်”လို့ မြန်မာ အတိုက်အခံတွေက ယူဆထားပေမယ့်အခုအဖြစ်အပျက်တွေက“ဆန်ဆုံစား၊ ကံကုန်သွားဆက်ဆံရေးဖြစ်တယ် ဆိုတာပြသ နေတာဖြစ်ပါတယ်။
မကြာသေးခင်ကပဲတရုတ်အဆင့်ဆက်ဆံရေးကိုယ်စားလှယ် အရာရှိတစ်ဥိးကပြောပြရာမှာ “မိမိတို့ အနေနဲံမြန်မာအစိုးရနဲ့ ဆက် ဆံတာဟာစီးပွါးရေး နဲ့မဟာဗျုဟာအကျိုးအမြတ်အတွက်ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာစစ်အစိုးရမှာလည်းဒီရည်ရွယ်ချက်ရှိတယ်ဆိုတာမိမိတို့ သံသယမရှိကြောင်းနဲ့တကယ်တန်းမှာမိမိတို့ နှစ်နိုင်ငံအကြားမှာ မိတ်ဆွေ စစ်မိတ်ဆွေမှန်သဘော မရှိကြောင်းလည်းသူကပြောပါတယ်။ တကယ်တော့ အရှည်တည်တန့်တဲ့ ဆက်ဆံရေးဖြစ်ဖို့ အတွက် အပြန် အလှန် လေးစားမှုဆိုတာမျိုး တရုတ်နဲ့မြန်မာ နိုင်ငံ အကြားမှာမရှိပါဘူး။ မြန်မာစစ်အစိုးရဟာသူ့ရဲ့သစ္စာခံမှုကိုနေ့ချင်း ညချင်းမှာ ပြောင်းလဲပစ်နိုင်တယ်လို့တရုတ်အနေနဲ့စိုးရိမ်နေပြီး လာမယ့်၂၀၁၀ရွေး ကောက်ပွဲအပြီးမှာ အမေရိကန်ဘက်ကို ယိမ်းမသွားပါဘူးလို့ လုံးဝလျှော့မတွက်ရဲတာပါ။ မြန်မာဟာအမေရိကန်လိုလားတဲ့ နိုင်ငံ ဖြစ်သွားမှာကို တရုတ်ကအစိုးရိမ်ဆုံးပါဘဲ။
ဒါ့အပြင်တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို လည်း အမေရိကန် လိုလားတဲ့ ရုပ်သေးအဖြစ်ရှုမြင်ထာားတဲ့အတွက် ဒေါ်အောင် ဆန်း စုကြည်သမ္မတ သို့မဟုတ် နိုင်ငံခေါင်းဆောင်ဖြစ်လာမှာစိုးရိမ်နေပါတယ်။ ဒီကိစ္စမှာတော့တရုတ်နဲ့မြန်မာစစ်အစိုးရသဘောထားချင်း တ ထပ်တည်းကျပါတယ်။
တဖက်မှာတော့တရုတ်အစိုးရနဲ့ပိုနီးစပ်တာက ၀-တပ်ဖွဲ့ပဲဖြစ်ပါတယ်။ ၀-တပ်တွေဟာတရုတ်အတွက် စိတ်ချ ယုံကြည်ရတဲ့ မိတ် ဆွေဟောင်းတွေဖြစ်ပါတယ်။ တရုတ်အနေနဲ့ မြန်မာစစ်အစိုးရနဲ့စာရင် ၀တပ်ဖွဲ့တွေကို ပိုပြီးယုံကြည်တာပါ။ တချိန်တည်းမှာတရုတ်ဟာနယ်စပ်ဒေသတည်ငြိမ်အေးချမ်းတာကိုလည်းလိုချင်ပါတယ်။ ချုပ်ပြောရရင်တော့နှစ်နိုင်ငံဆက်ဆံရေးအခြေအနေဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာ ရှိနေပါတယ်။
အကျိုးစီးပွားအနေနဲ့ ကြည့်ပြန်ရင်လည်းအကျိုးစီးပွါးအနေနဲ့ရေနံနဲ့သဘာဝဓါတ်ငွေ့ကိစ္စ အပါအ၀င် နှစ်နိုင်ငံစလုံးက ကြီးကြီးမား မားမျှော်လင့်ထားကြတာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ပျော့ကွက်တစ်ခုကတော့ပြည်ပရောက်တရုတ်လူမျိုးတွေရဲ့  လုံခြုံရေးကို အကာအကွယ် ပေးဖို့ပါပဲ။ ကိုးကန့်လူမျိုးတွေဟာတရုတ်အမျိုးနွယ်ဖွားတွေဖြစ်သလိုရှမ်းပြည်မြောက်ပိုင်း မှာအခြေချ နေထိုင်နေ တဲ့ တရုတ်အလုပ်သမားတွေနဲ့စီးပွါးရေးသမားလုပ်ငန်းရှင်တွေလည်းထောင်နဲ့ ချီပြီးရှိနေပါတယ်။
လောလောဆယ်အချိန်အထိ တော့မြန်မာစစ်အစိုးရအနေနဲ့သူ့ရဲံအရှေ့ မျှော်ပေါ်လစီကနေ အနောက် မျှော်ပေါ်လစီကိုပြောင်းလဲ မယ့် သဘော မတွေ့ရသေး ပါ ဘူး။ ဒါပေမယ့်တရုတ်မြန်မာဆက်ဆံရေးခပ်တန်းတန်းဖြစ်လာနေပြီးနယ်စပ် အခြေအနေ တွေ အခုထက်ပိုမို ဆိုးဝါးလာတာနဲ့အမျှ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတင်းမာလာနိုင်တယ်ဆိုတာကတော့ ထင်ရှားနေပါတယ်။
အရာရာကိုအမြတ်ထုတ်အသုံးချတတ်တဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့လက်ရှိအကြပ်အတည်းကိုအသုံးချ ဖို့အခုထက်ပိုပြီး ရလေမလားလို့ တရုတ်အစိုးရကို စိတ်အနှောက်အယှက်ပေးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။
No comments:
Post a Comment