Saturday, October 3, 2009

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား

NEJ / ၃ အောက်တိုဘာ ၂၀၀၉

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက် တခုမှ သိမ်တ သိမ်တွင် သံဃာအပါး (၂၀) ခန့်နှင့် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာ ရွတ်ဖတ်ကာ သပိတ်မှောက် ကံဆောင် လိုက်ကြကြောင်း ပြည်တွင်းမှ သံဃာတော် တပါးကို ကိုးကားပြီး မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်း စုအဖွဲ့မှ နိုင်ငံခြားရေး ရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြား သည်။

“အခု သပိတ်က တတိယအကြိမ် သပိတ်ဖြစ် ပါတယ်။ တကယ် သပိတ်ရဲ့ အောင်မြင်ခြင်း ကတော့ ၁၉၉၀ သပိတ်နဲ့ ၂၀၀၇ သပိတ်တွေ ကတည်းက ဒါတကယ့်ကို အောင်မြင်ပြီး သားပါ။ အဲဒီ သပိတ်က အခုထက်ထိ ပြန်ပြီးတော့ လှန်ရခြင်းလည်း မရှိသေး ပါဘူး။ ပထမနဲ့ ဒုတိယ အကြိမ်တွေမှာ မှောက်ထား တဲ့သပိတ်ကို ပြန်ပြီးတော့ ခိုင်မြဲသွား စေဖို့၊ အားလုံး ကလည်း ဒီသပိတ် မလှန်ရသေး ဘူးဆိုတာ သိသွား စေဖို့၊ ဆက်ပြီး အောင်အောင်မြင်မြင် ပြုလုပ် နိုင်ဖို့ကို ဦးဇင်းတို့က ထပ်ပြီးတော့ လုပ်တာပါ” ဟု အရှင်ဣဿရိယက မိန့်သည်။


ပြည်တွင်း၌ လျှို့ဝှက်ပြီး နေရာတော်တော်များများ၌လည်း သပိတ်မှောက်လိုက်သည်ဟု ပြည်တွင်းမှ သံဃာတော်များက သတင်းပါးကြောင်း၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံတွေက သံဃာတော်များကလည်း အားလုံးစုပေါင်းပြီး သပိတ်မှောက် ကံဆောင်လိုက်သည့်အတွက်ကြောင့် ယနေ့တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်အောင်မြင်သွားသည်ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

ထို့ပြင် မော်လမြိုင်မြို့၌လည်း သံဃာတော်များက သပိတ်မှောက် ကံဆောင်လိုက်ကြကြောင်း သိရသည်။

No comments: