Saturday, October 17, 2009

ဘင်္ဂလားဒေ့ရှ်က ယာယီ အမြှောက်စခန်းဖွင့်ရန် နေရာကြည့်

ငြိမ်းချမ်း

ဒါကာ (မဇ္ဈိမ)။ ။ဘင်္ဂလားဒေ့ရှ် တပ်များအနေဖြင့် ဘင်္ဂလား-မြန်မာနယ်စပ်တလျှောက် စစ်အင်အား တိုးချဲ့ ချထားနေချိန်တွင် ယာယီအမြှောက်စခန်းချရန် နေရာရှာဖွေမှုကို ယခုလ ၁၅ ရက်နေ့ တွင် နယ်စပ်အနီး ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

ယာယီ အမြှောက်စခန်း တည်ဆောက်ရန် အတွက် စစ်တကောင်းတိုင်း၊ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်၊ ကူရ်ဘာဇာ ကျေးရွာအနီးတွင် ဖြစ်ပြီး ယင်းနေ့က ဘင်္ဂလားစစ်တပ်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဘင်္ဂလား-မြန်မာနယ်စပ် ရဲ့ အနောက်ဘက် ၁၀ ကီလိုမီတာ ခန့်အကွာဝေးပြီး ကော့စ်ဘာဇာမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာတွင် တည်ရှိသည်။

No comments: