Saturday, June 19, 2010

မြန်မာ့ရုပ်သံမှ ကမ္ဘာ့ဖလားဘော့လုံးပွဲ ပြသမှု ခေတ္တရပ်ဆိုင်း

ဇော်ကြီး။

ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို မြန်မာနိုင်ငံရှိ မြ၀တီနှင့်မြန်မာ့ရုပ်မြင်သံကြား ဌာနတို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမှု များ ခေတ္တရပ်ဆိုင်းသွားသည်။

တောင်အာဖရိကနိုင်ငံ၌ ယခုနှစ်ကျင်းပနေသည့် ကမ္ဘာ့ဖလား ဘော့လုံးပွဲများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနနှင့် မြ၀တီအသံလွှင့်ဌာနတို့မှ နေ့စဉ်ပြသနေရာမှ ယမန်နေ့က ဘော့လုံးပွဲပြသမှု ရပ်ဆိုင်းသွားပြီး သီချင်းများ သာ အစားထိုးထုတ်လွှင့်ခဲ့ သည်ဟု ရန်ကုန်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မနေ့ကစပြီးမပြတော့ဘူး ဘာကြောင့်လဲ မသိဘူး။ သူတို့က စာတန်းထိုးတော့ Fifa ကတဲ့ Signal မရရှိတဲ့ အတွက်ကြောင့် ဘော့လုံးပွဲ မပြသခြင်းကို သီးခံခွင့်လွတ်ပါရန် ပန်ကြားပါသည်ဆိုပြီး စာတန်း ထိုးတယ်။ အဲတာ မပြပဲနဲ့ သီချင်းတွေပဲပြပြီး အဲတာကို စာတန်းထိုးတယ်။”

အဆိုပါ အစီစဉ်များကို မိုးဆန်းပန်းမီဒီယာမှ တာဝန်ယူတင်ဆက့်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် မြ၀တီရုပ်သံနှင့် မြန်မာ့ရုပ် မြင်သံကြားဌာနတို့မှ ထုတ်လွှင့်ပြသခြင်းဖြစ်သည်။

ယမန်နေ့ကပွဲစဉ်များကို မကြည့်လိုက်ရသည့် ရန်ကုန်အင်းစိန်မှ ပရိတ်သတ်တစ်ဦးက “အိပ်ရေးပျက်တာ တောင်မတန်ဘူးထရတာအလကားပဲ” ဟု ပြောသည်။

မိုးဆန်းပန်းမီဒီယာမှ တာဝန်ရှိသူတစ်ဦးက စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် မပြသ နိုင်ခြင်းဖြစ်သည်ဟု ယခုလို ပြောသည်။

“ဒီဖက်မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုလေးတွေရှိလို့ပါ။ စက်တွေပြင်ပြီးတာနဲ့ ပြန်လွှင့်ပေး မှာပါရှင်။ ဒီ နေ့ညတော့ သိပ်မသေခြာဘူး။ မနက်ဖြန်ညတော့ ပြန်ပြဖြစ်မယ်နဲ့ တူတယ်။ လောလောဆယ်တော့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်နေလို့ပါ။”

မိုးဆန်းပန်းမီဒီယာအနေနှင့် တောင်အာဖရိကတွင်ကျင်းပသည့် ကမ္ဘာ့ဖလားဘော့လုံးပြိုင်ပွဲများ အားလုံးကို ထုတ် လွှင့်ပြသရန် (Broadcasting Right) ကိုရရှိထားပြီး အခမဲ့တိုက်ရိုက်ထုတ်လွှင့်ခွင့်ရရန် အစီအစဉ်အတွက် Yangon Entertainment ကုမ္ပဏီ မှ တဆင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

No comments: