Monday, March 26, 2012

ကုလသမဂ္ဂအကူအညီ​ပေး​ရေး​ယာဉ်တန်း​ ​ကေအိုင်အို နယ်​မြေထဲ ​ရောက်ရှိ

ပီတာအောင်

မြန်မာပြည်​မြောက်ပိုင်း​ ကချင်ပြည်နယ်ထဲက ပဋိပက္ခ​တွေဖြစ်ပွား​နေတဲ့​ နယ်​မြေထဲကို ကုလသမဂ္ဂရဲ့​ အ​ရေး​ပေါ် လူသား​ချင်း​စာနာမှု အ ကူအညီ​ပေး​ရေး​ ယာဉ်တန်း​ရောက်ရှိသွား​ပြီဖြစ်တယ်လို့​ IRIN ​ခေါ် ကုလသမဂ္ဂလူမှု အကူအညီ​ပေး​ရေး​ သတင်း​ဌာနက သတင်း​ထုတ် ပြန်ပါတယ်။

ကုန်တင်ကား​ ၄ စီး​နဲ့​ ကုလသမဂ္ဂယာဉ် ၂ စီး​ပါဝင်တဲ့​ ယာဉ်တန်း​ဟာ မြစ်ကြီး​နား​မြို့​က​နေ ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို) ထိမ်း​ချုပ် နယ်​မြေထဲကို မတ်လ၂၄ ရက်မှာ ​ရောက်ရှိသွား​တာလို့​ ဆိုပါတယ်။

အကူအညီ​ပေး​ရေး​ ပစ္စည်း​တွေ အဖြစ် လူ ၁ ​ထောင်စာ​လောက် အတွက် ၁ လစာ စား​သုံး​နိုင်မယ့်​ အစား​အစာ​တွေနဲ့​ စား​စရာမဟုတ်တဲ့​ ကယ်ဆယ်​ရေး​ ပစ္စည်း​မျိုး​စုံလည်း​ ပါသွား​တယ်လို့​သတင်း​မှာ ​ရေး​ပါတယ်။

ပြီး​ခဲ့​တဲ့​ ဒီဇင်ဘာလကလည်း​ အကူအညီ​ပေး​ရေး​အဖွဲ့​တွေကို ​ကေအိုင်အို နယ်​မြေထဲ မြန်မာအစိုး​ရက ဝင်​ရောက်ခွင့်​ပေး​ခဲ့​ပြီး​ ဒါဟာ ဒုတိ ယအကြိမ်ပါ။ ကချင်ပြည်နယ်တိုက်ပွဲ​တွေအတွင်း​ လူ​ပေါင်း​ ၆ ​သောင်း​လောက် ​နေရပ်စွန့်​ခွာ ထွက်​ပြေး​ရတယ်လို့​ ကုလသမဂ္ဂက ခန့်​မှန်း​ထား​တာပါ။ ဒီထဲမှာ မြန်မာအစိုး​ရ ထိန်း​ချုပ်ထား​တဲ့​ နယ်​မြေထဲမှာ လူ ၂ ​သောင်း​လောက်နဲ့​ ​ကေအိုင်အို နယ်​မြေထဲမှာ​တော့​ လူ ၄ ​သောင်း​လောက် ဒုက္ခ​ရောက်​နေတယ်လို့​ ဆိုပါတယ်။

ကေအိုင်​အေ ကချင်လွတ်​မြောက်​ရေး​ တပ်မ​တော်က​တော့​ မြန်မာအစိုး​ရနဲ့​ ဖြစ်ပွား​နေတဲ့​ စစ်ပွဲနဲ့​ ပတ်သက်ပြီး​ ပြည်သူသို့​ အသိ​ပေး​ကြေ ညာချက်တခု စ​နေ​နေ့​မတ်လ ၂၄ ရက်​နေ့​စွဲနဲ့​ ထုတ်ပြန် ​ကြေညာ ထား​ပါတယ်။

ဒီ​ကြေညာချက်မှာ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရတပ်​တွေအကြား​ ဖြစ်ပွား​နေတဲ့​ စစ်ပွဲဟာ ၂၀၁၁ ဇွန်လကစပြီး​ ခုချိန်ထိ ၁၀ လကြာသွား​ပြီဖြစ်တဲ့​အ​ကြောင်း​ ငြိမ်း​ချမ်း​ရေး​ ကြိုး​ပမ်း​မှု​တွေနဲ့​ ​ဆွေး​နွေး​မှု​တွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့​ကြောင်း​၊​ ဒါ​ပေမယ့်​ ခုချိန်ထိ နှစ်ဖက်နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​နိုင်တဲ့​ အဆင့်​ထိ မ​ရောက်​သေး​ဘဲ စစ်​ရေး​အရှိန်သာ ပိုလို့​တိုး​လာ​နေ​ကြောင်း​ ​ဖော်ပြထား​ပါတယ်။

No comments: