KHONUMTHUNG NEWS
ယခုနှစ် ဆယ်တန်း စာမေးပွဲ ဖြေဆို ကြေး အတွက် ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီ အစိုးရ အထက် တန်း ကျောင်း အုပ်ဆရာကြီး ဦးခင်မောင်သိန်းက ကျောင်းသား တဦး လျှင် ကျပ်ငွေ ၂၅၀၀၀ စီ စုစုပေါင်း ကျပ်ငွေ သိန်းပေါင်း ၄၀ ခန့် ကောက်ယူကြောင်း သိရသည်။
“ လိုင်လင်းပီ စာစစ်ဌာနမှာ ဆယ်တန်းဖြေဆိုသူ ၁၆၀ ကျော်ရှိတယ်၊ ကျောင်းသားတဦးကို ကျပ် ၂၅၀၀၀ စီကောက် သွား တယ်၊ကျောင်း အုပ်ကြီးက သူ ဇာတိ မြေပြန့်ကို ပြန်သွားပြီ” ဟု ကျောင်းဆရာတဦး က ပြောသည်။
အလားတူ မတူပီမြို့နယ်၊ စဘောင်းတဲ အထက်တန်းကျောင်းအုပ်ဆရာကြီးကလည်း ၄င်းလက်အောက်ခံ စဘောင်းတဲ၊ လှုံမန်း၊ လုံကြေး ကျေးရွာမှ ကျောင်းသားများအား စာမေးပွဲကြေး အပါအ၀င် တခြားအ ချက် (၆) ချက်အပေါ် အခြေခံပြီး အထက်တန်း၊ အလယ်တန်း ကျောင်းသား တဦး ကျပ်ငွေ ၁၅၀၀၀၀ စီ ကောက် ခံသည်ဟု ကြားသိ ရသည်။
“ အဲဒီကိစ္စ ပြည်နယ်ပညာရေးမှူးဆီပေါက်ကြားသွားတယ်၊ ဘယ်လိုအရေးယူမလဲတော့ မသိရသေးဘူး” ဟု ပညာရေး ၀န်ထမ်းတဦးက ပြောသည်။
ချင်းပြည်နယ်မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တဦးက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ အောက်ခြေ အထိ အာဏာ သက်ရောက်မှူ အလွန်နည်းပါးနေသေးကြောင်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၄ အရ တိုင်းဒေသကြီး ( သို့မဟုတ်) ပြည်နယ်အစိုးရများ က ကောက်ခံရမည့် အခွန် အခ များ နှင် ပါတ်သက်ပြီး ဇယား (၅) ပါ အသေးစိပ်တွင် ပညာရေးဆိုင်ရာ အခွန် အခ များ မပါရှိပေ။
No comments:
Post a Comment