အေးနိုင်
မြန်မာ နိုင်ငံ ရခိုင်ပြည် နယ်ကနေ တရုတ် နိုင်ငံ ထဲကို သွယ်တန်း ဖောက်လုပ် နေတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံ ကိန်းကို ဆိုင်းငံ့ ထားဖို့ အဖွဲ့ အစည်း ၁၃၀ လောက်က မြန်မာ သမ္မတ ဦးသိန်းစိန် ကို တောင်းဆို လိုက်ပါ တယ်။
ဒီတောင်း ဆိုတဲ့ အဖွဲ့တွေ ထဲမှာ နိုင်ငံ ပေါင်း ၂၀ က လူအခွင့် အရေး အဖွဲ့ တွေနဲ့ သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ ပါဝင် ပြီး ဒီသမ္မတ ဦးသိန်းစိန်က ကချင် ပြည်နယ် မြစ်ဆုံရေ ကာတာကို ဆိုင်းငံ့ သလို ဒီဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ကိုလည်း ရပ်နားဖို့ လှုပ် ရှား တာလို့ ဦးဆောင်သူ ကိုဝင်း အောင်က ပြောပါတယ်။
“ဒီစီမံကိန်း ကရတဲ့ အကျိုး အမြတ် တွေရယ် အရင်း အမြစ် တွေကို ကျနော်တို့ နိုင်ငံမှာ လိုအပ် နေတဲ့ စွမ်းအင် လိုအပ် ချက်ကို မဖြည့်ဆည်း ပေးတဲ့ အပြင် လက်တ ဆုပ်စာ စစ်အုပ် စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာ ဒီပိုက်ဆံ တွေကို ကြိုက်သ လို သုံးနိုင် တယ်ဆိုတဲ့ အနေ အထား တခုမှာ ပြဌာန်း ထားတာ တွေ့ရ တယ်။ ဒါကြောင့် လောလော ဆယ် ဒေသ ခံတွေ အတွက် အကျိုး မရှိတဲ့ ဒီစီမံကိန်း ကို ရပ်နား ထားဖို့ တောင်းဆို တာပါ။”
ဒီစီမံကိန်းက ဒေသခံတွေရဲ့ မိရိုးဖလာ လုပ်နေတဲ့ လယ်တွေကို သိမ်းဆည်းပြီး နစ်နာကြေး တချို့ပေးပေမယ့် အလုပ်အကိုင်ပျောက်ကုန် တာရယ်၊ ဒေသံတွေဟာ စီမံကိန်းလုပ်ငန်းမှာ ကျောက်သယ်၊ အုတ်သယ်အလုပ်တွေပဲရတာ။ ဒီစီမံကိန်းကနေရလာမယ့် အမေရိကန်ဒေါ် လာ ၃၀ ဘီလျံခန့်ရှိတဲ့ ငွေတွေကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရပဲ လိုသလို သုံးနိုင်ပြီး ဒေသခံတွေအတွက် အကျိုးခံ စား ခွင့် မပါတာတွေကိုလည်း ရွှေဂတ်စ်ရပ်တန့်ရေး လှုပ်ရှားသူ တွေက ထောက်ပြပြီး ဆန့်ကျင်ကန့်ကွက်ကြပါတယ်။
မတ် ၁ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်ထားပြီး ဒီစီမံကိန်းရပ်တန့်ဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူမြို့ တွေမှာ လုပ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေက တရုတ်သံရုံးတွေရှေ့မှာ စီမံ ကိန်းရပ်ဖို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဥရောပနိုင်ငံတွေမှာလည်း အလားတူ လှုပ်ရှားဖို့အစီ အစဉ်တွေ ရှိနေပါတယ်။
ရန်ကုန်မြို့ သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာလည်း ဒီစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုကို မနက် ၉ နာရီမှာ လုပ်ဆောင်ခဲ့ရာ မှာ လှုပ်ရှားသူတွေက ‘ငါတို့သဘာဝဓာတ်ငွေ့၊ ငါတို့အ နာဂတ်’ ဆိုတဲ့ စာတမ်းပါ တီရှပ်တွေ ဝတ်ဆင်ဝေငှပြီး ပြုလုပ်ခဲ့ပါတယ်။
သာကေတက ရွှေဂတ်စ်လှုပ်ရှားသူတွေကို တိုင်းရင်းသားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကနေ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ရဲကခေါ်ဆောင်ပြီး ဒီလှုပ်ရှားမှုကို နောက်နောင်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
လှုပ်ရှားမှုလုပ်ပြီး လက်မှတ်ထိုးခဲ့ရသူ မမာက “လက်မှတ်ထိုးရတာက အခုလုပ်တဲ့ စာရွက်ဝေတာတို့၊ တီရှပ်ဝတ်တာတို့ဟာ သူတို့သတ် မှတ် ထားတဲ့ ဥပဒေနဲ့ဆို ငြိတယ်။ ဒီလိုဖြစ်တဲ့ အတွက် တကယ်လို့ အရေးယူမယ်ဆိုရင် အရေးယူနိုင်တယ်။ ဒါကို သိရှိပါတယ်ဆိုတာ လက်မှတ်ထိုးခိုင်းတာပါ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာလည်း စီမံကိန်းရပ်ရေးလှုပ်ရှားမှုလုပ်ရာမှာ တူညီဝတ်စုံ ဝတ်တဲ့ လူ ၆၀ လောက်လိုက်ပါတဲ့ မော်တော်ကားရဲ့မျက်နှာစာမှာ ရွှေဂက်စ် လှုပ်ရှားမှု စာတမ်းကို ကပ်ပြီး ဘုရားဘက်ကို သွားရောက်ခဲ့ကြတယ်။
No comments:
Post a Comment