ကချင် ပြည်နယ်၊ မြစ်ဆုံ အနီးက တန်ဖဲ ရွာမှာ လက်ရှိ နေထိုင် နေကြတဲ့ ရွာသူ ရွာသား ၃၀ ကို မတ် ၁၇ ရက် နောက်ဆုံး ထားပြီး ပြောင်းရွှေ့ ပေး ကြဖို့ မြစ်ကြီးနား ခရိုင် အုပ် ချုပ် ရေးမှူးက ခံဝန် ကတိ လက်မှတ် ရေးထိုး ခိုင်းပါ တယ်။အေးရှား ဝေါလ် ကုမ္ပဏီက ရွာသား များကို လျော်ကြေး ပေးထားပြီး ဖြစ် တဲ့ အတွက် မပြောင်းဘဲ ဆက် နေထိုင် နေတာဟာ ဥပဒေနဲ့ မညီညွတ် ဘူးလို့ ခရိုင် ရုံးက ရှင်းပြပြီး လက်မှတ် ထိုးခိုင်း တာလို့  တန်ဖဲ ရွာသား တဦးက ပြောပါ တယ်။
ဧရာဝတီ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း မြေနေ ရာနဲ့ မ လွတ်တဲ့ အ တွက် တန်ဖဲရွာ အပါ အ၀င် ကျေးရွာ တချို့ဟာ အောင်မြင်သာ ရွာ သစ်ကို ပြောင်းရွှေ့ ခဲ့ရ ပြီးနောက် မြစ်ဆုံ စီမံကိန်း ရပ်နား ထားမယ် ဆိုတဲ့ သမတ မိန့်ခွန်း ထွက်ပေါ်လာတဲ့ အတွက် တန်ဖဲရွာ သားတ ချို့ နေရင်း ရွာကို ပြန် လည် ပြောင်းရွှေ့ နေထိုင် ခဲ့ကြ တာပါ။ ပြောင်းရွှေ့ ခံရွာသား တွေရဲ့ အခက် အခဲကို ရွာသား တဦးက သည်လို ပြော ပြ ပါတယ်။
“အခက်အခဲက စားဝတ်နေရေးပဲ အဓိကရှိနေလို့ အခုလို တန်ဖဲမှာ လာပြီးတော့ ကျနော်တို့ တောင်ယာလေး ခြံလေး လုပ်ပြီးမှ ဝမ်းစာ ရေး အတွက် လုပ်ကိုင်စားသောက် နေရတယ်ဆိုတော့။ ကျနော်တို့ အခု တန်ဖဲမှာလည်း မနေရတော့ဘူးဆိုတော့ ပိုပြီးမှ ဒုက္ခ ရောက်တာ ပေါ့။ ပြောချင်တာကတော့ နိုင်ငံတော်အနေနဲ့ ကျနော်တို့ ဒေသခံတွေကို တန်ဖဲမှာ လုပ်စားခွင့်ပေးပေါ့။ သနားညှာတာတဲ့ စိတ်နဲ့ ကျနော် တို့ ဒေသခံတွေကို တန်ဖဲမှာ လုပ်စားခွင့်တော့ ခွင့်ပြုပေးဖို့ကို တောင်းဆိုချင်တာပါ။”
တန်ဖဲရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး၊ ပြီးခဲ့တဲ့နှစ် မတ်လကထဲက အောင်မြင်သာ ရွာသစ်ကို ပြောင်းရွှေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
တန်ဖဲရွာသားတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့ နေ့မှာပဲ ပြီးခဲ့တဲ့လက ကချင်ပြည်နယ်၊ မြစ်ဆုံ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြစ်ဆုံကျေး ဇူးပဲ့တင်သံ အခမ်းအနားကို ပွဲမိန့် မယူဘဲ ပြုလုပ်ခဲ့တဲ့ အတွက် ပွဲစီစဉ်တဲ့ ရပ်မိရပ်ဖ ၅ ဦး ကို ခရိုင်ရုံးက ခေါ်ယူ သတိပေးလိုက် ပါတယ်။
ဒီပွဲကို ဦးဆောင် ကျင်းပတဲ့သူတွေဟာ တန်ဖဲရွာသားတွေ ရွာကနေ မပြောင်းရွှေ့ဖို့ လှုံဆော်ခဲ့ကြတယ်လို့ သက်ဆိုင်ရာက သံသယ ရှိနေ တဲ့ အကြောင်း ရပ်မိရပ်ဖတဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ရက်က ပြုလုပ်ခဲ့တဲ့ မြစ်ဆုံကျေးဇူးပဲ့တင်သံပွဲကို ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ပညာရှင်တွေနဲ့ ဒေသခံ ကျေးရွာသားတွေ တက်ရောက်ခဲ့ကြပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသခံတွေ နေထိုင်ရေး ကိစ္စတွေ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။
No comments:
Post a Comment