Sunday, April 1, 2012

တပ်ရင်း ၂ ရင်း ကြိုတင်မဲ အတွက် လက်ဖက်ရည် ဆိုင်မှာ ဒု-ဗိုလ်နှင့် အဖွဲ့ ဒိုင်ခံ ခြစ်ပေး

သျှမ်းသံတော်ဆင့်


သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့အခြေစိုက် စစ်တပ်၏ကြိုတင်မဲများကို စစ်အရာရှိတို့က လက်ဖက်ရည် ဆိုင်အတွင်း ယူဆောင်လာ၍ တိုင်ခံ ခြစ်ပေးကြောင်း ကျားဖြူအသိုင်းအဝိုင်းမှ သိရှိရသည်။

“ဒု- ဗိုလ် နဲ့ တပ်ကြပ်ကြီးတယောက်၊ အမျိုးသမီးတစ်ယောက်လဲပါတယ်၊ မဲစာအုပ်တွေသွားထုတ် ပြီးအပြန် အောင်သီတာ လက်ဖက် ရည် ဆိုင် မှာ လက်ဘက်ရည်ဝင် သောက်ရင်း ကြိုတင်မဲ ဒိုင်ခံခြစ်ပေးနေကြတာ။ လက်ဖက်ရည်ဆိုင် ထဲမှာဆိုတော့ တွေ့တဲ့သူ အများ ကြီးဘဲ။ ကျားဖြူနဲ့နီး စပ်တဲ့သူတယောက်သွားကြည့်တော့ တခါထဲ ထသွားကြတယ်” - ဟု လက်ဘက်ရည်ဆိုင်မှာရောက် နေတဲ့ လူငယ် တစ်ဦးက ပြောသည်။

မတ်ခ်ျလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့် သိန္နီမြို့လယ်ရှိ အောင်သီတာ လက်ဖက်ရည်ဆိုင်၌ ဒုဗိုလ် တစ်ဦး၊ အရာခံဗိုလ်တစ်ဦးနှင့် အမျိုး သ မီး တစ်ဦးက ကြိုတင်မဲအုပ်ရေ ၂၀ ခန့်(တစ်အုပ်လျှင် မဲ အစောင်ရေ ၅၀ ပါ) ယူဆောင်လာပြီး ထောက်ခံမဲအဖြစ်ခြစ်ပေးကြောင်း၊ မည် သည့်ပါတီကို အမှန်ခြစ်ပေးသည် ဆိုတာကိုတော့မသိရကြောင်း၊ ခမရ ၅၆၇ နှင့် ၅၆၈ တပ်ရင်း ၂ ရင်းအတွက် ကြိုတင်မဲများ ဖြစ် ကြောင်း ဆို၏။

“စစ်တပ်အတွက် ကြိုတင်မဲတိုင်ခံခြစ်ပေးတဲ့အကြောင်း ကျနော်တို့ ကြားရပါတယ်။ ဒီအကြောင်းကို မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးပျို့မောင် ဆီ သွားဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်” ဟု သိန္နီမြို့နယ် ကျားဖြူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းခိုင် က သျှမ်းသံတော် ဆင့် အား ပြောသည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ အတွက် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့၌ ပါတီ ၅ ခုမှ ကိုယ်စားလှယ်များအသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

No comments: