Thursday, July 18, 2013

သဘာဝ သယံဇာတ ရင်းနှီးမှုတွေ ရပ်ဆိုင်းပေးဖို့ အစိုးရ စဉ်းစားဖို့ လိုဟုဆို

ABC

မြန်မာနိုင်ငံက ​ကြီးမားတဲ့ ​သဘာဝ ​သယံဇာတ ​ရင်းနှီးမြုပ်နှံမှု ​စီမံကိန်းတွေကို ​ရပ်ဆိုင်းပေးဖို့ ​အတွက် ​အစိုးရအနေနဲ့ ​စဉ်းစား ​ဖို့ ​ရွှေဂက်စ် ​- ​ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားရေးအဖွဲ့က ​အစိုးရကို ​တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​တည်ဆဲ ​ဥပဒေ ​အရ ​အခုလို ​ကြီး ​မားတဲ့ ​ သဘာဝသယံဇာတ ​ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ​အဆင်သင့် ​မဖြစ်သေးဘူးလို့လည်း ​ရွှေကက်စ်အဖွဲ့က ​ပြောလိုက်ပါတယ်။တရုတ်နဲ့မြန်မာ ​၂နိုင်ငံ ​ပူးတွဲလုပ်ဆောင်နေတဲ့ ​ရေနံနဲ့သဘာဝဓါတ်ငွေ့ ​ပိုက်လိုင်း ​စီမံကိန်း ​နဲ့ပတ်သက်ပြီး ​လှုပ်ရှားရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ​ရွှေဂက်စ်အဖွဲ့ကမနေ့ကအ ​စီရင်ခံစာတခုထုတ်ပြန်ခဲ့ ​ပါတယ်။

မြန်မာနိုင်ငံရဲ့ ​တည်ဆဲ ​ဥပဒေ ​အရ ​နိုင်ငံတကာအဆင့်မှီ ​သဘာဝပတ်ဝန်းကျင် ​ထိန်းသိမ်းရေးလုပ်ငန်းတွေ ​မှာ ​သဘာဝသယံဇာတ ​စီမံခန့်ခွဲမှု၊ ​ပွင့်လင်းမြင်သာတဲ့ ​ဝင်ငွေ ​ပြသဖို့နဲ့ ​လူ့အခွင့်အရေးကိစ္စတွေမှာ ​ကြီးမားတဲ့ ​လိုအပ်ချက်တွေ ​တွေရှိနေတယ်လို့ ​ရွှေဂက်စ်အဖွဲ့ကနေ ​သုတေသနပြုလုပ်တွေ့ရှိခဲ့တယ်လို့ ​အစီရင်ခံထဲမှာဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ​နိုင်ငံရေးနဲ့ ​စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ​မှန်ကန်တဲ့ ​နည်းလမ်းပေါ်မှာ ​ဦးတည်သွားနေပေမယ့် ​ ကောင်းမွန်တဲ့အုပ်ချုပ်တာဝန်ယူမှု ​နေရာတွေမှာတော့ ​ အလှမ်းဝေး ​ကျန်ရစ်နေ ​သေးတယ် ​ဆို ​ပါတယ်။ ​အဲဒါအပြင် ​သဘာဝသယံဇာတ ​အရင်းအမြစ်တွေ ​နဲ့ ​ရည်ရှည် ​ကာကွယ်နိုင်ဖို့ ​အတွက် ​အစိုးရအနေနဲ့ ​ပြည်တွင်းလုပ်ငန်းဘောင် ​ပေါ်လစီ ​တခု ​ချမှတ် ​သွားဖို့လိုအပ်တဲ့အကြောင်း ​၊ ​မြန်မာနိုင်ငံအတွင်းမှာ ​ကောင်းမွန်တဲ့ ​အုပ်ချုပ်ရေးတာဝန်ယူမှု ​စဉ်းမျဉ်းနဲ့ ​ကိုက်ညီတဲ့ ​လုပ်ငန်းဘောင် ​စည်းမျဉ်းဥပဒေမရှိမချင်း ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ​အထူးသဖြင့် ​ပြည်တွင်း ​သယံဇာတတွေကို ​ထုတ်ယူတဲ့စက်မှုဇုံလုပ်ငန်းတွေကို ​မပြုပ်လုပ်သင့်တဲ့အကြောင်း ​ကိုလည်း ​အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

သဘာဝ ​သယံဇာတတွေကို ​တိုင်းပြည်အကျိုးအတွက်သုံးသင့်တဲ့အကြောင်း၊ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ၊ ​သဘာဝပတ်ဝန်းကျင် ​ထိခိုက်ပျက်စီးမှုတွေ၊ ​အကျိုးအမြတ် ​ရရှိ ​မှု ​တွေ ​ဟာ ​လဲလူတစုအတွက်သာမဖြစ်သင့်တဲ့ ​အကြောင်းနဲ့ ​အတိတ်ကမှားတွေအပေါ်မှာသင်ခန်းစာယူ ​ပြီး ​သယံဇာတ ​တူးဖော်မှုတွေမှာ ​လူ့အခွင့် ​အရေးချိုးဖောက်မှုတွေ ​ဆက်မဖြစ်ရ ​အောင် ​ရပ်ဆိုင်းသင့်တယ်ဆိုတဲ့အကြောင်း ​ရွှေဂက်စ်လှုပ်ရှားမှု ​အဖွဲ့ရဲ့ကြေညာချက်ထဲမှာ ​ဖေါ်ပြ ​ထားပါတယ်။

No comments: