Wednesday, July 17, 2013

လယ်မြေသိမ်းမှုကိစ္စ လွှတ်တော်မှာ ဆွေးနွေးဖို့အတည်ပြု

ABC

မြန်မာနိုင်ငံမှာ ​လယ်ယာမြေနဲ့ ​အခြားမြေများ ​သိမ်းဆည်းခံရမှုနဲ့ပတ်သက်ပြီး ​အဆိုတင်သွင်းမှုကို ​အစိုးရကနေ ​အရေးယူဆွေးနွေးပေးဖို့အတွက် ​ပြည်ထောင်စုလွှတ်တော် ​အတည်ပြုလိုက်တယ်လို့ ​သိရပါတယ်။

လယ်ယာမြေနဲ့ ​အခြားမြေများသိမ်းဆည်းခံရမှုများနဲ့ပတ်သက်ပြီး ​ပြည်သူများနစ်နာမှု ​မရှိစေရေး ​အတွက် ​စုံစမ်းရေးကော်မရှင်က ​ပြည်ထောင်စုလွှတ်တော်ကို ​တင်သွင်းခဲ့တာပြီးတော့ ​ပြီးခဲ့ဇူလိုင်လ ​၁၆ရက်နေ့က ​နေပြည်တော်မှာ ​ကျင်းပတဲ့ ​ပထမအကြိမ် ​ပြည်ထောင်စုလွှတ်တော် ​သတ္တမပုံမှန် ​အစည်းအဝေးမှာ ​အတည်ပြုခဲ့တာဖြစ်ပါတယ်။ ​အဆိုကိစ္စကို ​လွှတ်တော်မှာ ​တင်သွင်းခဲ့တာနဲ့ ​ပတ်သက်ပြီး ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​ဦးဖြိုးမင်းသိန်းက ​အခုလိုပြောပါတယ်။

“ပြည်ထောင်စုလွတ်တော်မှာ ​အားလုံးက ​သဘောတူကြပါတယ်၊ ​လယ်ယာစုံစမ်းရေးကော်မရှင်က ​စုံစမ်းနေတဲ့ ​အပိုင်း၁၊ ​အပိုင်း၂လည်း ​အစီရင်ခံစာထွက်ပြီးပြီ၊ ​ဒါပေမဲ့ ​ဒီစုံစမ်းစစ်ဆေးမှုနဲ့ ​ပတ်သက်ပြီး ​တော့ ​စုံစမ်းရေးကော်မ ​ရှင်ရဲ့ ​ဆုံးဖြတ်ချက်ဟာ ​သဘောထားမှတ်ချက်အနေနဲ့ ​ထွက်သော်ငြားလည်း ​ရလာဒ်တွေကို ​အကောင်အထည် ​ဖော်တဲ့နေရာမှာ ​အုပ်ချုပ်ရေးအာဏာပိုင်တွေက ​လိုက်ပါဆောင် ​ရွက်ပေးခြင်း ​မရှိတဲ့အတွက် ​လယ်ယာမြေစုံစမ်း ​ရေးကော်မရှင်ရဲ့ ​ဆောင်ရွက်မှုဟာ ​၁နှစ်တာ ​ကာလ ​ကို ​ရောက်လာသော်ငြားလည်း ​ပြည်သူလူထုကျေနပ်အောင် ​မလုပ်ပေးနိုင်ဘူးဖြစ်နေတယ်၊ ​ဒါကြောင့် ​မို့ ​ပြည်ထောင်စုလွတ်တော်ကနေပြီးတော့ ​ပြည်ထောင်စုအစိုးရကို ​ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ​အညီ ​စုံစမ်းရေးကော်မရှင်ရဲ့ ​ဆောင်ရွက်ချက်တွေကို ​လုပ်ဆောင်ပေးဖို့အတွက် ​အဆိုတင်သွင်းတာပါ။” 


ပြည်ထောင်စုလွှတ်တော်က ​တရားဝင်အတည်ပြုလိုက်ပြီးဖြစ်တဲ့အတွက် ​တနိုင်ငံလုံးက ​သိမ်းဆည်း ​ခံထားတဲ့ ​လယ်ယာမြေတွေနဲ့ ​ပတ်သက်ပြီး ​ပြည်ထောင်စုအစိုးရက ​အရေးယူဆောင် ​ရွက်ပေးရမှာဖြစ်တယ်လို့ ​ဦးဖြိုးမင်းသိန်းက ​ ဆက်ပြောပါတယ်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ ​သိမ်းဆည်းထားတဲ့ ​စစ်တပ်ဆောက်လုပ်တာ၊ ​မြို့ပြတိုးချဲ့တာ၊ ​တချိန် ​တုန်းက ​ကုမ္ပဏီတွေကနေပြီးတော့ ​ပြည်သူလူထုဆီက ​မတရားသိမ်းယူခဲ့တာ၊ ​အုပ်ချုပ်ရေး ​အာဏာ ​ပိုင်တွေက ​လယ်သမားတွေ ​ဆီကနေ ​လယ်ယာမြေတွေကို ​သိမ်းယူတာ၊ ​မြို့ပြမှာ ​ဂရပ်ပေါက်ထား ​တာတွေကို ​အိုးအိမ်ကနေပြီး ​အတင်းအဓမ္မ ​ခရိုနီတွေနဲ့ ​ပေါင်းပြီးသိမ်းတာတွေ ​ဒီလိုအမှုတွေ ​အများကြီးကို ​ပြည်ထောင်စုလွတ်တော်က ​တရားဝင်အ ​တည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ​စုံစမ်းရေး ​ကော်မရှင်ရဲ့ ​အစီရင်ခံစာတွေကို ​ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ​အညီ ​ပြည်ထောင်စုအစိုးရက ​ဆောင်ရွက် ​ရမှာပါ။” 

ဒီသတင်းကို ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးကပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments: