Thursday, July 18, 2013

ဘင်္ဂလားဒေ့ရှ်နယ်စပ်ပိတ်မှုကြောင့် ရိုဟင်ဂျာတွေပိုမိုအန္တရောက်လို့ဆို

ABC

မြန်မာနိုင်ငံကနေ ​ထွက်ပြေးလာတဲ့ ​ရိုဟင်ဂျာတွေကို ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​လက်မခံဘဲ ​နယ်စပ်ဖြတ် ​ကျော်မှုကို ​ပိတ်ချလိုက်တဲ့ ​အတွက် ​ထွက်ပြေးလာတဲ့လူတွေအနေနဲ့ ​ပိုမို ​အန္တရာယ်များတဲ့ ​လမ်းခရီး ​တွေကို ​ရွေးချယ်ဖို့ ​တိုက်တွန်းလိုက်သလိုဖြစ်နေတယ်လို့ ​ကုလသမဂ္ဂ ​အေဂျင်စီကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​နယ်စပ်ဖြတ်ကျော်ခွင့် ​ပိတ်ချလိုက်တဲ့ပေါ်လစီကြောင့် ​ရိုဟင်ဂျာတွေက ​သြစတြေးလျ ​လိုနိုင်ငံအပါဝင် ​အသက်အန္တရာယ် ​ပိုမိုစိုးရိမ်ရတဲ့ ​လမ်းခရီးတွေကို ​သွားရောက်ဖို့အတွက် ​တိုက်တွန်းသလိုမျိုး ​ဖြစ်နေတယ်လို့ ​မတ်လတုန်းက ​ထုတ်ပြန်တဲ့ ​ကုလသမဂ္ဂရဲ့ ​အစီရင်ခံစာထဲမှာ ​ဖော်ပြထားပါတယ်။

ပြီးခဲ့နှစ်ကစပြီး ​မြန်မာနိုင်ငံကနေထွက်ပြေးလာတဲ့ ​ရိုဟင်ဂျာတွေကို ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​လက်ခံပို့ ​ရပ်ဆိုင်းလိုက်တာ ​ဖြစ်ပါတယ်။ ​လက်ရှိအနေနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ​လက်ခံထားတဲ့ ​ရိုဟင်ဂျာ ​အယောက်ပေါင်း ​၂၃၀၀၀၀ ​လောက်ရှိနေပြီဖြစ်တဲ့အတွက် ​အဲ့ဒီထက်ပိုပြီး ​လက်မခံနိုင်တော့ဘူးလို့ ​ဘင်္ဂလားဒေ့ရှ်အစိုးကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​လက်မခံတော့တဲ့အတွက် ​ရိုဟင်ဂျာတွေအနေနဲ့ ​တခြားနိုင်ငံတွေဆီ ​ထွက်ပြေး ​ဖို့ ​ကြိုးစားလာကြပါတယ်။ ​တချို့ရိုဟင်ဂျာတွေက ​အသက်အန္တရာယ် ​ပိုမိုစိုးရိမ်ရတဲ့ ​မလေးရှား ​ဒါမှမ ​ဟုတ် ​အင်ဒိုနီးရှားနိုင်ငံတွေအပြင် ​သြစတြေးလျနိုင်ငံအထိကို ​သွားရောက်ဖို့ ​ကြိုးစားလာနေကြတာ ​ဖြစ်ပါတယ်။ ​ပြီးခဲ့တဲ့နှစ်က ​မြန်မာနိုင်ငံကနေ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ​ထွက်ပြေးလာတဲ့ ​ရိုဟင်ဂျာ ​အယောက် ​ငါးရာလောက် ​သေဆုံးမှုရှိလိမ့်မယ်လို့ ​ကုသမဂ္ဂက ​ခန့်မှန်းထားပါတယ်။

တဆက်တည်းမှာပဲ ​ရခိုင်ပြည်နယ်အတွင်းမှာ ​ရှိတဲ့ ​မွတ်စလင်လူမျိုးတွေကို ​ဆန့်ကျင် ​ထိန်းချုပ် ​တဲ့အဖွဲ့လို့ ​အစွပ်စွဲခံရဆုံးအဖွဲ့ဖြစ်တဲ့ ​နယ်စပ်ဒေသ ​လူဝင်မှုစစ်ဆေးရေး ​ကွပ်ကဲမှူးဌာနချုပ် ​(နစက) ​ကို ​ဇူလိုင်လ ​၁၂ရက်နေ့ကပဲ ​မြန်မာအစိုးရကဖျက်သိမ်းလိုက်တယ်။ ​အခုလို ​နစက ​ကိုဖျက်သိမ်းလိုက်တဲ့အတွက် ​ကုလသမဂ္ဂကလည်း ​လက်ခံ ​ကြိုဆိုလိုက်တယ်လို့သိရပါတယ်။

No comments: