Monday, July 15, 2013

ဒေါ်စုက ဒီဇင်ဘာမှာ သြစတြေးလျကို လည်ပတ်မယ်

ABC

ဒေါ်အောင်ဆန်းစုကြည်က ​လာမည့် ​ဒီဇင်ဘာလမှာ ​သြစတြေးလျ ​နိုင်ငံကို ​လာရောက်လည်ပတ်မှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ကုလသမဂ္ဂရဲ့ ​AIDS ​ညီလာခံ ​ကျင်းပပွဲကို ​တက်ရောက်မှာ ​ဖြစ်ပြီး၊ ​ဒီရောဂါကြောင့် ​အပယ်ခံရသူတွေအဖို့ ​အကာအကွယ် ​ပြုပြောဆိုတဲ့ ​အထဲမှာ ​ပါဝင်သူတဦး ​အနေနဲ့ ​အခုလို ​လာရောက် ​မှာဖြစ်ပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာ ​နိုင်ငံကို ​ပြီးခဲ့တဲ့ ​လက ​သွားရောက် ​လည်ပတ်စဉ်မှာ ​ဒေါ်အောင်ဆန်းစုကြည် ​အနေနဲ့ ​သြစတြေးလျ ​နိုင်ငံကို ​လာ ​ရောက်လည်ပတ်ဖို့ကိစ္စတွေ၊ ​သြစတြေးလျဝန်ကြီးချုပ် ​Kevin ​Rudd ​အနေနဲ့ ​မြန်မာ ​နိုင်ငံကို ​သွားရောက်လည်ပတ်ဖို့ ​ကိစ္စတွေကို ​ဆွေးနွေးခဲ့တယ်လို့ ​သိရပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာ ​နိုင်ငံမှာ ​သမ္မတကြီး ​ဦးသိန်းစိန်နဲ့ ​တွေ့ဆုံစဉ်မှာရော ​ဒေါ်အောင်ဆန်းနဲ့တွေ့ဆုံချိန်မှာပါ ​ပြည်တွင်းလူမျိုးရေး ​မငြိမ်မသက်မှု ​ဟာ ​နိုင်ငံရေး ​ပြုပြင်ပြောင်းလဲ ​တိုးတက်မှုတွေကို ​ထိခိုင်နိုင်တယ်လို့ ​သတိပေးခဲ့ပါတယ်။

မြန်မာပြည်တွင်းက ​လူမျိုးရေး ​ပြဿနာကြီးမားလာမှုဟာ ​သြစတြေးလျ ​နိုင်ငံအဖို့၊ ​ခိုလှုံခွင့်တောင်းလိုသူတွေ ​ပိုတိုးများလာ ​နိုင်တဲ့အလားအလာတွေကို ​သြစတြေးလျ ​နိုင်ငံက ​စိုးရိမ်မကင်း ​ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​သြစတြေးလျ ​နိုင်ငံမှာ ​လာရောက် ​လည်ပတ်တဲ့အခါမှာ ​Melbourne ​မြို့နဲ့ ​တခြား ​မြို့ကြီးတွေကို ​လာရောက်ပြီး ​သြစတြေးလျ ​နိုင်ငံက ​တက္ကသိုလ်တွေ ​ကလဲ ​ဒေါ်အောင်ဆန်းစုကြည်ကို ​မြန်မာ ​နိုင်ငံမှာ ​နှစ်ပေါင်း ​၅၀ကျော် ​စိုးမိုးအုပ်ချုပ်ခဲ့ ​တဲ့ ​စစ်အာဏာရှင် ​အဆုံး ​သတ်တဲ့ ​နေရာမှာ ​ပါဝင်စွမ်းဆောင်တဲ့ ​လုပ်ဆောင်ချက်ကို ​အသိအမှတ် ​ဂုဏ်ပြု ​လွှာတွေ၊ ​ဂုဏ်ပြုဘွဲ့တွေ ​အပ်နှင်းဖို့ ​ရှိ ​နေတဲ့အပြင်၊ ​တက္ကသိုလ်တိုင်းကလဲ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ဂုဏ်ထူးဆောင်ဘွဲ့တွေ ​ပေးဖို့ ​ဆန္ဒပြင်းပြ ​နေကြတယ်လို့ ​လဲသိရပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေး ​ဝန်ကြီး ​Bob ​Carr ​က ​မြန်မာ ​နိုင်ငံမှာ ​သမ္မတကြီး ​ဦးသိန်းစိန်နဲ့ ​ရိုဟင်ဂျာလူမျိုးတွေ ​အကြောင်းနဲ့ ​ပတ်သက်ပြီး၊ ​ဆွေးနွေးခဲ့တဲ့အကြောင်း၊ ​ဒီလူမျိုးရေး ​ပြဿနာနဲ့ ​ပတ်သက်ပြီး၊ ​မြန်မာ ​အစိုးရရဲ့တုန်ပြန်ချက်ဟာ၊ ​ရိုဟင်ဂျာ ​လူမျိုးတွေနဲ့ပတ်သက်ပြီး၊ ​စဉ်းစား ​ဆွေးနွှေး ​နိုင်တဲ့အဆင့်ကို ​ရောက်ဖို့အတော်ကို ​ခရီးဝေးသေးတဲ့ ​သဘောမျိုးကို ​ခံစား ​ခဲ့ရတယ်လို့ ​ရေဒီယိုသြစတြေးလျကို ​ပြောခဲ့ပါတယ်။

No comments: