Tuesday, July 2, 2013

သံတွဲမှာ အခြေအနေ ပြန်လည်ငြိမ်သက်

ABC

ရခိုင်ပြည်နယ် ​သံတွဲမြို့မှာ ​မငြိမ်မသက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် ​ပုဒ်မ ​၁၄၄ ​ထုတ်ပြန်လိုက်ပြီးနောက် ​အခြေအနေ ​ငြိမ်သက်နေပြီလို့ ​သိရပါတယ်။

ရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်လူမျိုးတွေကြား ​အပြန်အလှန် ​ကျောက်ခဲတွေနဲ့ ​ပစ်ပေါက်ခဲ့တဲ့အပြင် ​အိမ်လေးလုံးပါ ​မီးတင်ရှို့ခံခဲ့ရတယ်လို့ ​သိရပါတယ်။

မီးတင်ရှို့ခံရတဲ့ ​အိမ်လေးလုံးစလုံးက ​မွတ်စလင်လူမျိုးတွေ ​ပိုင်ဆိုင်တဲ့ ​အိမ်တွေဖြစ်တယ်လို့လည်း ​သတင်းတွေမှာ ​ဖော်ပြထားပါတယ်။

အသက် ​၁၈ ​နှစ်အရွယ် ​ရခိုင်အမျိုးသမီးငယ်တစ်ဦးကို ​မွတ်စလင်နှစ်ဦးက ​အဓမ္မပြုကျင့်တယ်ဆိုပြီး ​မကျေမနပ်ဖြစ်ကြရာက ​မငြိမ်မသက်မှုတွေ ​စတင်ခဲ့တာဖြစ်ပါတယ်။

အဓမ္မပြုကျင့်မှုမှာ ​ပါဝင်သူလို့ ​ယူဆရသူ ​နှစ်ယောက်ကိုလည်း ​ဒေသခံအာဏာပိုင်တွေက ​ဖမ်းဆီးထိန်းသိမ်းထားပြီလို့ ​သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ​အရင်နှစ်က ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကြောင်း ​မွတ်စလင်လူမျိုးတွေနဲ့ ​ဒေသခံ ​ရခိုင်လူမျိုးတွေကြား ​တင်းမာမှုတွေ ​တည်ရှိနေပြီး ​ပဋိပက္ခကြောင့် ​ရခိုင်နဲ့ ​ရိုဟင်ဂျာကို ​ခွဲခြားထားရပြီး ​ခုချိန်ထိ ​ယာယီဒုက္ခသည်စခန်းမှာ ​နေထိုင်နေရတဲ့ ​ဒုက္ခသည် ​သိန်းနဲ့ချီ ​ရှိနေပါတယ်။

No comments: