Tuesday, July 16, 2013

မြန်မာက ဖမ်းထားတဲ့ မြောက်ကိုးရီးယားတွေကို ကယ်တင်ဖို့ အခက်ကြုံနေရ

ABC

မြန်မာနိုင်ငံက ​လက်နက်ကိုင် ​တိုင်းရင်းသားတွေက ​ဖမ်းစီးထားပြီး ​မူးရစ်ဆေးဝါး ​စိုက်ပျိုးရေးတွေမှာ ​ခိုင်းစေထားတဲ့ ​မြောက်ကိုးရီးယား ​နိုင်ငံသား ​၆၄ ​ယောက်ကို ​ကယ်တင်ဖို့ ​အတွက် ​တောင် ​ကိုးရီးယားနိုင်ငံက ​အစိုးရမဟုတ်တဲ့ ​NGO ​အဖွဲ့တဖွဲ့က ​အခက်အခဲနဲ့ ​ရင်ဆိုင်နေရတယ်လို့ ​ဆိုပါတယ်။

မြောက်ကိုးရီးယား ​နိုင်ငံသား ​၆၄ ​ယောက်ဟာ ​တာချီလိတ် ​အရှေ့ ​မြောက်ဘက်ပိုင်း ​ဒေသတခုမှာ ​ဖမ်းစီးခိုင်းစေ ​ခံနေရတာ ​၉ ​နှစ်ရှိသွားပြီလို့ ​တောင်ကိုးရီးယားနိုင်ငံက ​သင်းအုပ်ဆရာ ​KIM ​Hee ​Tae ​က ​ပြောပြပါတယ်။

မြောက်ကိုးရီးယား ​နိုင်ငံသားတွေဟာ ​ငတ်ပြတ်မှုဘေးဒါဏ်ကနေ ​တောင်ကိုးရီးယား ​နိုင်ငံထဲကို ​ထွက်ပြေးဖို့အတွက် ​တိုက်ပွဲတွေ ​ထူပြောတဲ့ ​ထိုင်းမြန်မာ ​နယ်စပ်ကနေတဆင့် ​တထောက်နား ​သွားဖို့ ​ကြိုးပမ်းခဲ့ရာက ​အခုလို ​အဖမ်းခံထား ​ရတာဖြစ်ပါတယ်။

မြောက်ကိုးရီးယား ​နိုင်ငံသား ​တွေကို ​လွှတ်ပေးဖို့ ​လက်နက်ကိုင်သောင်းကျန်းသူတွေက ​တဦးလျှင်ဒေါ်လာငွေ ​၅ထောင်တောင်းဆိုထားတဲ့ ​အတွက် ​တောင်ကိုးရီးယား ​NGO ​တွေ ​က ​အခက် ​အခဲ ​ဖြစ်နေတယ်လို့ ​ဆိုပါတယ်။

NGOတွေက ​ဒီငွေတွေ ​ရ ​နိုင်ဖို့ ​ရံပုံငွေ ​ရှာမယ်ဆို ​ရင်လဲ ​ကမ္ဘာကို ​အသိ ​ပေး ​ပြီး ​ရှာရ ​မှာဖြစ်တာကို ​သူပုန်တွေက ​မလိုလားပဲ၊ ​သိုသိုသိပ်သိပ်ဘဲ ​ထားစေချင်တဲ့ ​အတွက် ​အခက်တွေ့ ​နေတာဖြစ်တယ်လို့ ​ဆိုပါတယ်။

မြောက်ကိုးရီးယား ​နိုင်ငံသား ​၆၄ ​ယောက်ထဲမှာ ​အများစုက ​အမျိုးသမီးတွေ ​ဖြစ်ပြီး ​သူတို့ ​ကို ​အရက်ချက်စက်ရုံတွေ၊ ​မူးယစ်ဆေးဝါး ​ထုတ်လုပ်ရေးရုံတွေ၊ ​ပြည့်တာဆာ ​လုပ်ငန်းတွေ ​လုပ်ခိုင်းပြီး ​အမျိုးသားတွေ ​ကိုတော့ ​ဘိန်းခင်းတွေမှာ ​ခိုင်းစေထားတယ်လို့ ​သိရပါတယ်။

၁၉၅၃ခုနှစ် ​ကိုးရီးယားကျွန်းဆွယ် ​စစ်ပြီးနောက်ပိုင်း ​မြောက်ကိုးရီးယား ​နိုင်ငံသားတွေဟာ ​တရုတ်နိုင်ငံထဲ ​ကနေ ​တဆင့် ​တောင်ကိုးရီးယား ​နိုင်ငံကို ​ထွက်ပြေး ​နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် ​တရုတ်အစိုးရက ​မြောက်ကိုးရီးယားနိုင်ငံသားတွေကို ​မြောက်ကိုးရီးယား ​နိုင်ငံထဲ ​ပြန်ပို့လေ့ရှိတဲ့အတွက် ​လမ်းကြောင်းပြောင်းပြီး ​ထိုင်းနိုင်ငံဖက်က ​တဆင့် ​တောင်ကိုးရီးယားနိုင်ငံမှာ ​ခိုလှုံခွင့်ရဖို့ ​ကြိုးစားကြတာ ​ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ​ဝင်ရောက်ဖို့အတွက် ​ကြိုးစားရင်း ​အခုလို ​မြန်မာပြည်တွင်းက ​လက်နက်ကိုင် ​တိုင်း ​ရင်းသားတွေ ​လက်ထဲ ​ရောက်သွားတာဖြစ်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံကို ​ပြန်ပို့ခံရသူတွေဟာ ​ပြင်းထန်စွာ ​အရေးယူမှုတွေ ​ခံရလေ့ရှိတယ်လို့လည်း ​ပြောဆိုနေကြပါတယ်။

No comments: