Tuesday, July 16, 2013

မြန်မာကို တင်ပို့မယ် ကျဉ်ဆံတစ်သိန်းကျော်ကို ထိုင်းက ဖမ်းမိ

ABC

ထိုင်းနိုင်ငံမြောက်ပိုင်း ​မယ်ဟောင်ဆောင်မြို့နယ် ​ထိုင်းမြန်မာနယ်စပ် ​မှာ ​မြန်မာနိုင်ငံဖက်ခြမ်းကို ​ပို့မယ့် ​ကျည်ဆံမျိုးစုံ ​တစ်သိန်းကျော်ကို ​နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ ​ဖမ်းဆီးနိုင်ခဲ့တယ်လို့ ​သိရပါတယ်။

သတင်းကြိုတင်ရရှိထားတဲ့အတွက် ​နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ​တွေက ​ဖမ်းဆီးရမိခဲ့တာလို့ ​မြန်မာနိုင်ငံသားတစ်ဦးက ​အခုလို ​ပြောဆိုပါတယ်။

ပန်မူမှာ ​မနေ့က ​၃ ​နာရီခွဲလောက်ကတည်းကမိတာ၊ ​ဘန်ကောက်ကနေ ​ပို့လာတာ ​ပစ္စည်းက၊ ​သတင်းရတာနဲ့ ​လမ်းမှာ ​ရဲဖမ်းတာ၊ ​တစ်သိန်းကျော်တယ်။ ​16 ​ရှိတယ် ​အများကြီးပဲ ​အစုံပဲ။ ​အခု ​စုံစမ်းနေတုန်းပဲ။ ​သိရသလောက်ကတော့ ​ရှမ်းဖက်ကို ​ပို့ဖို့ ​သူတို့ ​ပြောတယ်လေ။

ဖမ်းဆီးရမိတဲ့ ​ကျည်ဆံတွေကတော့ ​သေတ္တာတစ်ဘူးကို ​ကျည်ဆံ ​သုံးသောင်းကျော်ပါတဲ့ ​M16 ​မောင်းပြန်ရိုင်ဖယ်ကျည်ဆံဘူး ​၉ ​ဘူး၊ ​ပွိုင့် ​88 ​ကျည်ဆံ ​တသောင်းကျော်၊ ​62 ​မမ ​ကျည်ဆံ ​နှစ်သောင်းခုနှစ်ထောင်ကျော်၊ ​ကာဘိုင်ကျည်ဆံ ​သုံးထောင့်ရှစ်ရာ၊ ​ဝေဟင်ပစ်ဒုံးကျည် ​၄ ​ခု၊ ​ရိုးရိုဒုံးကျည် ​၃ ​ခုအပါအ၀င် ​အခြားကျည်ဆံမျိုးစုံ ​တစ်သိန်းကျော် ​ဖြစ်တယ်လို့ ​သိရပါတယ်။

ကျည်ဆံတွေ ​သယ်ယူလာတဲ့ ​ထိုင်းနိုင်ငံသားဟာ ​ထိုင်းရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ​ထိုင်းမြန်မာနယ်စပ်မှာ ​အခုလို ​တရားမ၀င် ​လက်နက်ခဲယမ်းတွေ ​ဖမ်းဆီးရမိတာဟာ ​အခုအကြိမ်ဟာ ​အမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့လည်း ​ထိုင်းအာဏာပိုင်တွေက ​ထုတ်ပြန်ပြောဆိုထားကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: