Monday, July 15, 2013

သမ္မတဦးသိန်းစိန် ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့မယ်

ABC

မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်က ​ဗြိတိန်နိုင်ငံကို ​ရောက်ရှိနေပြီး ​ဒီကနေ့မှာ ​ဗြိတိန်နိုင်ငံ ​ဝန်ကြီးချုပ် ​ဒေးဗစ်ကင်မရွန်နဲ့ ​တွေ့ဆုံဆွေးနွေးမှု ​လုပ်မယ်လို့ ​သိရပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ​ဗြိတိန်နဲ့ ​မြန်မာ ​နှစ်နိုင်ငံကြား ​ကုန်သွယ်ရေးသဘောတူညီမှု ​အသစ်တစ်ခုရရှိကြောင်း ​ဒေးဗစ်ကင်မရွန်က ​ကြေညာလိမ့်မယ်လို့ ​မျော်လင့်နေကြပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ​ခရီးစဉ်ဟာ ​မြန်မာထိပ်တန်းခေါင်းဆောင်တစ်ဦးအနေနဲ့ ​ဗြိတိန်နဲ့ ​ပြင်သစ်နိုင်ငံကို ​နှစ်ပေါင်း ​၂၀ ​ကျော်အတွင်း ​ပထမဦးဆုံး ​အကြိမ် ​သွားရောက်လည်ပတ်တဲ့ ​ခရီးစဉ်ဖြစ်ပါတယ်။

လေးရက်ကြာမယ့် ​ခရီးစဉ်အတွင်း ​ဗြိတိန်နဲ့ ​ပြင်သစ်နိုင်ငံကိုသာ ​လည်ပတ်မယ်လို့ ​သိရပါတယ်။

မကြာသေးခင်ကလည်း ​သမ္မတဦးသိန်းစိန်ဟာ ​ဥရောပတိုက်တွင်းရှိ ​နော်ဝေ၊ ​သြစတီးယား၊ ​ဖင်လန်၊ ​အီတလီနဲ့ ​ဘယ်လ်ဂျီယံနိုင်ငံတို့ကို ​သွားရောက်လည်ပတ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ​အစိုးရလက်ထက်အတွက် ​နိုင်ငံတကာနဲ့ ​ဆက်ဆံမှုတွေ ​ပိုမိုရရှိလာပြီး ​နာမည်ကောင်းတွေရနေသလို ​တဖက်မှာလည်း ​အစိုးရ ​စီမံအုပ်ချုပ်ရေးပိုင်းက ​ဥပဒေပြု ​လွှတ်တော်အဖွဲ့နဲ့ ​ကာကွယ်ရေးနဲ့ ​လုံခြုံရေးအကြား ​တနေ့တခြား ​ထင်ပေါ်လာတဲ့ ​အားပြိုင်မှုတွေ၊ ​ရင်းနှီးမြုပ်နှံမှုနဲ့ ​ပတ်သက်တဲ့ ​ပြဿနာတွေ၊ ​အထူးသဖြင့် ​လူမျိုးရေး၊ ​ဘာသာရေးဆန်တဲ့ ​ပြဿနာတွေနဲ့ ​အဲဒီပြဿနာက ​အိမ်နီးချင်းနိုင်ငံတွေအထိ ​ပြန့်နှံ့နေတဲ့ ​အခြေအနေတွေကြောင့် ​သမ္မတ ​ဦးသိန်းစိန်ရဲ့ ​နိုင်ငံရေးတိုးတက်ပြောင်းလဲချက်တွေ ​မှေးမှိန်နေရတယ်လို့လည်း ​သုံးသပ်ကြပါတယ်။

No comments: