Friday, July 26, 2013

ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကော်မတီဖွဲ့ ကြံ့ခိုင်ရေးအများစုပါဝင်

ABC

မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ရေးဆွဲဖို့ ​အတွက် ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​လေ့လာသုံးသပ်ရေး ​ပူးပေါင်းကော်မတီအဖွဲ့ကို ​ဖွဲ့စည်းပြီး ​အဖွဲ့ဝင် ​၁၀၉ ​ဦးထဲမှာ ​ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ​ကိုယ်စားလှယ် ​၅၀ ​ကျော်နဲ့ ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ် ​ကိုယ်စားလှယ် ​၇ ​ယောက်ပါဝင်တယ်လို့ ​သိရပါတယ်။ ​ကော်မတီထဲမှာ ​ဒေါ်အောင်ဆန်းစုကြည် ​မပါဝင်ဘူးလို့လည်း ​သိရပါတယ်။

ကော်မတီအဖွဲ့ထဲမှာ ​တခြားတိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ​တသီးပုဂ္ဂလ ​၃ ​ယောက်လည်းပါဝင်တယ်လို့ ​သိရပါတယ်။ 

မြန်မာလွှတ်တော်မှာ ​စစ်တပ်ကိုယ်စားလှယ် ​၂၅ ​ရာခိုင်နှုန်း ​ပါဝင်တာတွေ၊ ​ဒေါ်အောင်ဆန်းစုကြည်လို ​ပု ​ဂ္ဂိုလ် ​တွေ ​က ​နိုင်ငံတော် ​သမ္မတ ​ဖြစ်ခွင့်မရှိတာတွေ ​အစရှိတဲ့ ​အချက်တွေကြောင့် ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေပြင်ဆင်ဖို့ ​လိုလားမှုတွေများနေတာကြောင့် ​ပြင်ဆင်နိုင်ဖို့အတွက် ​ကော်မတီအဖွဲ့ ​ဖွဲ့လိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ဖို့ ​အဆိုကို ​ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ​ဦးအေးမြင့်က ​တင်သွင်းခဲ့ပြီး ​ပြင်ဆင်ဖို့အတွက် ​ကော်မတီဖွဲ့တာကို ​လွှတ်တော်က ​အတည်ပြုကြတာ ​ဖြစ်ပါတယ်။

မြန်မာလွှတ်တော် ​နှစ်ရပ်လုံးမှာ ​စစ်တပ် ​၂၅ ​ရာခိုင်နှုန်းစီပါဝင်ရုံသာမက ​ပြည်နယ်နဲ့ ​တိုင်းလွှတ်တော်မှာလည်း ​စစ်တပ်က ​၂၅ ​ရာခိုင်နှုန်းနေရာယူထားတဲ့အပြင် ​အမျိုးသားကာကွယ်ရေးနဲ့ ​လုံခြုံရေးကောင်စီမှာ ​အဖွဲ့ဝင် ​၁၁ ​ဦးရှိတဲ့အနက် ​စစ်တပ်ကိုယ်စားလှယ် ​၆ ​ယောက် ​ပါဝင်နေကြောင်း ​သိရပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ ​လုံခြုံရေးကောင်စီဟာ ​နိုင်ငံရဲ့ ​ပေါ်လစီချမှတ်ရာမှာ ​အမြင့်ဆုံးအာဏာရှိတဲ့ကောင်စီဖြစ်ပြီး ​ပါလီမာန်ဖျက်သိမ်းပိုင်ခွင့်၊ ​မာရှယ်လောပြဌာန်းခွင့်နဲ့ ​အရေးပေါ်ကာလအတွင်း ​တိုက်ရိုက်အုပ်ချုပ်ပိုင်ခွင့်အာဏာရထားတဲ့ ​ကောင်စီဖြစ်ပါတယ်။

No comments: