Friday, July 19, 2013

ပြင်သစ် မြန်မာ ဆက်ဆံရေး တိုးမြှင့်မယ်

ABC

ပြင်သစ်နဲ့မြန်မာ ​၂ ​နိုင်ငံအကြား ​ဆက်ဆံရေး ​တိုးမြှင့်နိုင်မယ့် ​အကြောင်းအရာတွေကို ​သမ္မတ ​၂ ​ဦး ​ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ပြင်သစ်နိုင်ငံကို ​နိုင်ငံတော်ခရီးစဉ်အဖြစ် ​ရောက်ရှိနေတဲ့ ​မြန်မာသမ္မတ ​ဦးသိန်းစိန်ဟာ ​ပြင်သစ်နဲ့မြန်မာ ​၂ ​နိုင်ငံအကြား ​စီးပွားရေး ​နဲ့ ​သံတမန်ဆက်သွယ်ရေး ​ပိုမိုကောင်းမွန်ဖို့ပြင်သစ်သမ္မတနဲ့ ​ဗုဒ္ဓဟူးနေ့က ​ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီ ​ဆွေးနွေးမှုနဲ့နောက်ဆက်တွဲ ​လုပ်ဆောင်မှု ​အနေနဲ့ပြင်သစ် ​နိုင်ငံခြားကုန်သွယ်ရေ ​၀န်ကြီး ​Nicole ​Bricq ​မြန်မာနိုင်ငံကို ​ဇူလိုင်လ ​အကုန်မှာ ​လာရောက်မယ်လို့ဆိုပါတယ်။

ဒါအပြင့် ​မြန်မာနိုင်ငံမှာ ​လက်ရှိဖြစ်ပွားနေ့တဲ့ ​လူမျိုးစုပဋိပက္ခတွေ ​နောက်ပြီး ​ရိုဟင်ဂျာ ​အရေးကိစ္စတွေကိုလည်း ​ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဒီခရီးစဉ်ဟာ ​မြန်မာသမ္မတရဲ့ ​ဒုတိယမြောက် ​ဥရောပခရီးစဉ်ဖြစ်ပြီး ​ဗြိတိန်ဝန်ကြီးချုပ် ​ဒေးဗစ်ကင်မရွန်းနဲ့လည်း ​ပြီးခဲ့တဲ့ ​အပတ်က ​တွေ့ဆုံခဲ့ပါတယ်။

No comments: