Monday, July 22, 2013

တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲမှာ ဒေါ်စု ပါဝင်မယ်

ABC

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ​အစိုးရတို့ကြား ​ပြုလုပ်မယ့် ​ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ​ပါဝင်လာမယ်လို့ ​သိရပါတယ်။

ဇူလိုင်လ ​၂၁ရက်နေ့ ​မနက်ပိုင်းက ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်၊ ​ပြည်သူ့လွတ်တော်ဥက္ကဌ ​သူရဦးရွှေမန်းနဲ့ ​လွတ်တော်ရေးရာ ​ကော်မတီ ​အဖွဲ့တွေ ​မြန်မာ ​ငြိမ်းချမ်းရေး ​စင်တာမှာ ​ငြိမ်းချမ်းရေးဖော်ဆောင် ​ရေးလုပ်ငန်းကော်မတီ ​ဒု-ဥက္ကဌ ​ဦးအောင်မင်းနဲ့ ​တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ​ဒေါ်အောင်ဆန်းစုကြည်က ​ခုလို ​ပါဝင်ဖို့ ​ပြောဆိုကြတဲ့အကြောင်း ​အစည်းဝေး ​တက်ရောက် ​ခဲ့တဲ့ ​ငြိမ်းချမ်းရေးအကျိုးတော် ​တော်ဆောင် ​ဦးညိုအုန်းမြင့်က ​ပြောပါတယ်။

တိုင်းရင်းသား ​လက်နက်ကိုင်တွေနဲ့ ​အစိုးရငြိမ်းချမ်းရေး ​ဖော်ဆောင်ရေးလုပ်ငန်းတွေနဲ့ ​ပတ်သက်ပြီး ​ပါဝင်ဆောင်ရွက်ပေးလိုတဲ့ ​အကြောင်းကို ​ဒေါ်အောင်ဆန်းစုကြည်က ​အရင်ကတည်းက ​ထုတ်ဖော် ​ပြောကြားထားပြီး ​ဖြစ်သလို ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့တွေဖြစ်တဲ့ ​ကရင်အမျိုးသားအစည်းအရုံး(KNU) ​နဲ့ ​ရှမ်းပြည် ​ပြန်လည်ထူထောင်ရေး ​ကောင်စီ ​(RCSS/SSA) ​အဖွဲ့တွေ ​အနေနဲ့ ​ငြိမ်းချမ်းရေးလုပ်ငန်း ​စဉ်တွေမှာလည်း ​တိုင်းရင်းသား ​အဖွဲ့တွေက ​ဒီဆွေးနွေးပွဲတွေမှာ ​ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဖို့ ​တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ​ပါဝင်ခွင့်ရမှာဖြစ်ပေမဲ့ ​နိုင်ငံရေးအဆင့် ​ဆွေးနွေးပွဲ ​တွေရောက်တဲ့အခါမှသာ ​ပါဝင်နိုင်မှာဖြစ်တယ်လို့ ​ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ​ဦးညိုအုန်းမြင့်က ​အခုလို ​ပြောပါတယ်။

လောလောဆယ်မှာက ​ကျနော်တို့ ​အပစ်အခတ်ရပ်စဲရေးပဲရှိပါသေးတယ်၊ ​သမ္မတကြီးဦးသိန်းစိန်က ​အဆင့် ​၃ဆင့် ​သတ်မှတ်ထားပါတယ်၊ ​အပစ်အခတ်ရပ်စဲရေး၊ ​နိုင်ငံရေးအရ ​တွေ့ဆုံဆွေးနွေးအဖြေရှာရေးနဲ့ ​ငြိမ်းချမ်းရေးအတွက် ​သဘောတူညီချက်ပေါ့ ​၊ ​တနိုင်ငံလုံးမှာ ​ပြန်ပြီးတော့ ​အမျိုးသားရင်ကြားစေ့ရေးနဲ့ ​ပင်လုံကဲ့သို့သော ​ငြိမ်းချမ်းရေး ​လက်မှတ်ထိုးပွဲဆိုပြီးတော့ ​တိုင်းရင်းသားပေါင်းစုံတွေ ​အားလုံးက ​ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ​အနာဂတ်ကို ​ရေး ​ထိုးကြမဲ့ ​အစီအစဉ်ဖြစ်ပါတယ်၊ ​လောလောဆယ်မှာတော့ ​၀န်ကြီးဦးအောင်မင်းနဲ့ ​တပ်ပိုင်းဆိုင်ရာ ​တပ်မတော် ​ဘက်ကနေပြီးတော့ ​တိုင်းရင်းသားတွေဘက်ကနေပြီး ​သူတို့လက်ရှိအပစ်အခတ်ရပ်စဲရေးအတွက် ​ဆောင်ရွက်နေ ​တဲ့အတွက်ကြောင့် ​ဒီကိစ္စတွေမှာတော့ ​အစိုးရပိုင်းသက်သက်ပဲ ​အောက်ခြေပိုင်းမှာ ​ဆောင်ရွက်မှာဖြစ်ပါတယ်၊ ​နိုင်ငံရေးဆွေးနွေးပွဲတွေ ​ရောက်လာကြတဲ့အခါကျရင်တော့ ​လွတ်တော်အနေနဲ့ရော၊ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ပုဂ္ဂလိက ​ဆန္ဒအရပါ ​ခိုင်ခိုင်မာမာဖြစ်ဖို့ ​ဆိုပြီးတော့ ​သူအနေနဲ့ ​ပါမယ်ဆိုတဲ့အချက်ကိုလည်း ​ဒီနေ့ ​သူထုတ် ​ပြောသွားတာကို ​ကျနော်တို့ကြားရပါတယ်ခင်ဗျ။ 

မြန်မာနိုင်ငံရဲ့ ​ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ​လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ​ပတ်သက်ပြီး ​ဇူလိုင်လ ​၂၂ရက်နေ့ ​ဒီကနေ့မှာတော့ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှခေါင်းဆောင်တွေနဲ့ ​တိုင်းရင်းသားအဖွဲ့ ​အစည်းခေါင်းဆောင်တွေ ​ရန်ကုန်မြို့မှာ ​အလွတ်သဘော ​တွေ့ဆုံဆွေးနွေးမယ်လို့လည်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: