Saturday, July 6, 2013

စစ်တကောင်းနီးယန်းမှာ ဘင်္ဂလီ မဟုတ်ကြောင်း နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် ထွက်ဆို


“ မိမိမှာ မူဆလင် မိသားစုက ဆင်းသက်လာသူသာ ဖြစ်ပြီး မူဆလင် ဘင်္ဂလီ မိသားစုက ဆင်းသက်လာသူ မဟုတ်ကြောင်း” ဘင်္ဂလာဒေခ်ျ့ နိုင်ငံက ဖွဲ့စည်းပေးထားသော နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် အမူ ရင်ဆိုင်နေရသော အထင်က နိုင်ငံရေး သမား တစ်ဦး ဖြစ်သူ ဆာလာအူဒင်း ချော်ဒရီက တရားရုံးတွင် ပြောဆိုလိုက်သည်။

ဆာလာအူဒင်း ချော်ဒရီသည် စစ်တကောင်းဇာတိ ဖြစ်ပြီး ယခင်ပါလီမန် အမတ်ဟောင်း တစ်ဦးလည်း ဖြစ်ကာ လက်ရှိ အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ ( BNP) ၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

သူသည် ၁၉၇၁ ခုနှစ် လွှတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နှင့် ပေါင်းပြီး လူအများအပြားအား သတ်ဖြတ်မူ စွပ်စွဲချက်ဖြင့် နိုင်ငံတကာ စစ်ခုံရုံးတွင် အမူရင်ဆိုင်နေရပြီး ယမန်နေ့က တရားရုံးတွင် တက်ရောက် အမူ ရင်ဆိုင်စဉ် “ မိမိမှာ စစ်တကောင်း နီးယန်းသာ ဖြစ်ပြီး ဘင်္ဂလီ လူမျိုး မဟုတ်ကြောင်း” ပြောဆိုလိုက်သည်။

ဘင်္ဂလာဒေခ်ျ့တွင်သာမက ကမ္ဘာကပါ ဘင်္ဂလာဒေခ်ျ့တွင် နေထိုင်သူ မူဆလင်များကို ဘင်္ဂလီ လူမျိုးအဖြစ် အများက သိထားသဖြင့် ယခုကဲ့သို့ အထင်ကရ နိုင်ငံရေးသမား တစ်ဦး ဖြစ်သူ ဆာလာအူဒိန်း ချော်ဒူရီမှ မိမိမှာ ဘင်္ဂလီ မဟုတ်ကြောင်း၊ မိမိမှာ စစ်တကောင်းနီးယန်းသာ ဖြစ်ကြောင်း ပြောဆိုသဖြင့် လူအများကို အံ့အားသင့်စေခဲ့သည်။

“ မိမိတို့ စစ်တကောင်းနီးယန်းများတွင် ကိုယ်ပိုင် စကား၊ ကိုယ်ပိုင် ယဉ်ကျေးမူ၊ ကိုယ်ပိုင် သမိုင်း၊ ကိုယ်ပိုင်ရိုးရာ၊ ကိုယ်ပိုင် ရည်မှန်းချက်- ရည်ရွယ်ချက်၊ ကိုယ်ပိုင် ယုံကြည်မူ၊ ကိုယ်ပိုင်ဂုဏ် စသဖြင့် သီးခြားစီ တည်ရှိကြောင်း” သူ၏ ကျေညာချက်တွင် ဖေါ်ပြသည်။

နိုင်ငံတကာ ရာဇ၀တ်မူ ခုံရုံး တရားသူကြီး ( Malum) က ယခုကဲ့သို့ ပြောဆိုခြင်းသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ ဖွဲ့စည်းပုံတွင်ပါရှိသော နိုင်ငံတော်၊ ပိုင်နက်နယ်မြေ၊ နိုင်ငံတော်၏ ဘာသာစကား၊ နိုင်ငံတော် သီချင်း၊ နိုင်ငံတော် အလံ၊ အခြေခံ မူတို့နှင့် ပတ်သက်ပြီး အရှုပ်အထွေးကို ပေါ်ပေါက်အောင် လုံဆော်ရာ ရောက်သည်ဟု မယူဆလားဟု မေးမြန်းခဲ့ကြောင်း သိရသည်။

မည်သည့် အပိုင်းတွင် ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး အရှုပ်အထွေး ဖြစ်စေသည်ဟု မေးမြန်းပြီး တရားသူကြီး၏ မေးခွန်းကို ဆာလာအူဒိန်း ချော်ဒူရီက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

အဆိုပါ သတင်းကို ယနေ့ထုတ် New Age သတင်းစာတွင် “ My mother Tongue in Chittagonian , not Bangla: SQC” ခေါင်းစဉ်ဖြင့် ဖေါ်ပြထားသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် စစ်တကောင်း ဒေသသားများ ပြောဆိုသော စကားမှာ ဒက္ကားဒေသဘက်မှ ပြောဆိုသော စကားနှင့် ကွာခြားပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် နေထိုင်သော မူဆလင်များမှာ စစ်တကောင်းနီးယန်း စကားပြောသူများ ဖြစ်ကြသည်။

No comments: