Friday, July 19, 2013

အခြေခံဥပဒေ လေ့လာရေး ကော်မတီ အဖွဲ့ဖွဲ့စည်း

ABC

ဖွဲ့စည်းပုံအခြေခံဥပဒေ ​လေ့လာသုံးသပ်ရေး ​ပူးပေါင်းကော်မတီအဖွဲ့ ​ဝင် ​၁၀၉ ​ဦးနဲ့ ​ဖွဲ့လိုက်တဲ့ ​အကြောင်း ​အဲဒီအထဲမှာ ​ပြည်ခိုင်ဖြိုးပါတီက ​ကိုယ်စားလှယ် ​၅၀ကျော် ​နဲ့ ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ်က ​၇ယောက် ​ပါဝင်တယ်လို့ ​သိရပါတယ်။

လွှတ်တော်က ​အတည်ပြုထားပြီးဖြစ်တဲ့ ​၀က်လက်မြို့နယ်ပြည်သူ့ ​လွှတ်တော်ကိုယ်စားလှယ် ​သူရဦးအေးမြင့် ​အဆိုတင်သွင်းမှုရဲ့ ​ပထမဆုံးခြေလှမ်း ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံ ​ဥပဒေလေ့လာရေး ​ပူးပေါင်း ​ကော်မတီမှာပါတဲ့ ​လွှတ်တော်ကိုယ်စားလှယ် ​စာရင်းတွေနဲ့ ​ပတ်သက်ပြီး ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ​ဦးအောင်ကြည် ​ညွှန့်က ​အခုလိုပြောပါတယ်။

“၁၀၉ ​ဦး ​ပါဗျာ၊ ​ပြည်ခိုင်ဖြိုးပါတီက ​ကိုယ်စားလှယ် ​၅၀ကျော်ပါတယ်ဗျာ၊ ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ်က ​၇ယောက်ရတယ်၊ ​ကျန်တဲ့တိုင်းရင်းသား ​လူမျိုးစုပါတီတွေနဲ့ ​တသီးပုဂ္ဂလတွေက ​သူ့ပါတီ ​လွှတ်တော်ကိုယ်စားလှယ်ရတဲ့ ​အရေအတွက် ​အချိုးအစားတွေအပေါ်မှာ ​မူတည်ပြီးတော့ ​ညှိနှိုင်းပြီးတော့ ​ကိုတာခွဲပြီးတော့ ​ဆွဲတာဖြစ်ပါတယ်။ ​တသီးပုဂ္ဂလက ​၃ယောက်က ​သူတို့ကိုယ်တိုင်ပဲ ​အမည်စာရင်းသွင်းတဲ့အတွက် ​မူလ ​၁၀၇ ​ယောက် ​ရာထားတဲ့ ​နေရာကနေပြီးတော့ ​အခု ​၁၀၉ယောက် ​ရာထားဖပြီးကြေညာပါတယ်၊ ​မူကြမ်းဖြစ်ပါတယ်။”


လွှတ်တော်အစည်းအဝေးဟာ ​ဇူလိုင်လ ​၂၃ရက်နေ့မှ ​ပြန်လည်စတင်မှာ ​ဖြစ်တယ်လို့ ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက်မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: