Monday, July 15, 2013

မိတ္တီလာအရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်၂၀ ကျော် ထောင်ချခံရ

ABC

မြန်မာနိုင်ငံ ​မိတ္တီလာမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခအတွင်း ​ပါဝင်ခဲ့တဲ့ ​ဗုဒ္ဓဘာသာဝင် ​အယောက် ​၂၀ ​ကျော်ကို ​တရားရုံးက ​ထောင်ဒဏ် ​ချမှတ်လိုက်တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး၊ ​ဘာသာရေးဆန်တဲ့ ​ပဋိပက္ခတွေအတွင်း ​မွတ်စလင်တွေကသာ ​ထောင်ဒဏ်ချမှတ်ခံရတယ်လို့ ​ပြောဆိုဝေဖန်မှုတွေ ​ထွက်ပေါ်ပြီးနောက် ​မကြာခင် ​ရက်ပိုင်းကပဲ ​ဗုဒ္ဓဘာသာ ​နှစ်ဦး ​ထောင်ဒဏ် ​၇ ​နှစ်စီ ​ချမှတ်ခံရပြီး ​ခုတခါ ​အယောက် ​၂၀ ​ကျော် ​ပြစ်ဒဏ်ပေးခံရတာဖြစ်ပါတယ်။

မွတ်စလင်ဘာသာရေးဆိုင်ရာ ​စာသင်ကျောင်းကို ​တိုက်ခိုက်ခဲ့မှုအတွက် ​ပြစ်ဒဏ်ချမှတ်ခံရတာ ​ဖြစ်ပါတယ်။

လူသတ်မှု၊ ​ခိုးမှု၊ ​လက်နက်ကိုင်ဆောင်မှု၊ ​မငြိမ်မသက်မှုဖြစ်အောင် ​ဖန်တီးမှု ​အစရှိတာတွေနဲ့ ​စွပ်စွဲခံခဲ့ရတာဖြစ်ပြီး ​ထောင်ဒဏ် ​နှစ်နှစ်ကနေ ​ဆယ်နှစ်အထိ ​ပြစ်ဒဏ်ချခံရတာ ​ဖြစ်ပါတယ်။

ပဋိပက္ခတွေနဲ့ ​ပတ်သက်ပြီး ​မွတ်စလင်တွေလည်း ​အစောပိုင်းမှာ ​ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ​ဗုဒ္ဓရဟန်းတပါးကို ​သတ်ဖြတ်မှုနဲ့ ​မွတ်စလင် ​ခုနှစ်ယောက်ကို ​ထောင်ဒဏ် ​နှစ်နှစ်ကနေ ​၂၈ ​နှစ်အထိ ​ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

No comments: