Tuesday, July 2, 2013

ဟံသာဝတီလေဆိပ်အတွက် ကုမ္ပဏီ ၇ ခုကို စကာတင်ရွေးချယ်

ABC

မြန်မာနိုင်ငံ ​ပဲခူးတိုင်းအတွင်းမှာ ​တည်ဆောက်မှာ ​ဖြစ်တဲ့ ​ဟံသာဝတီ ​နိုင်ငံတကာ ​လေဆိပ်တည်ဆောက်ရေး ​အတွက် ​ရင်းနှီး ​မြှုပ်နှံဖို့ ​စိတ်ဝင်စားတဲ့ ​ကုမ္ပဏီပေါင်း ​၃၀ ​ထဲက ​၇ ​ခုကို ​ရာထားပြီလို့ ​သိရပါတယ်။

နိုင်ငံတကာလေဆိပ်ဟာ ​ပဲခူးတိုင်းအတွင်း ​မြေဧကပေါင်း ​၉၆၉၀ ​ကျယ်ဝန်မှာဖြစ်ပြီး ​၂၀၂၀ပြည့် ​နှစ်နောက်ပိုင်း ​- ​နှစ်စဉ် ​နိုင်ငံခြား ​ဧည့်သည် ​၇.၅ ​သန်းကို ​လက်ခံ ​နိုင်မှာဖြစ်တဲ့ ​လေဆိပ်ဖြစ်တယ်လို့ ​ဆိုပါတယ်။

၂၀၁၂ခု ​နှစ် ​စာရင်းအရ ​ရန်ကုန်လေဆိပ်ကို ​ပြည်ပက ​ခရီးသည်ပေါင်း ​၆သိန်းလောက် ​ဝင်ရောက်ခဲ့တယ်လို့လဲ ​သိရပါတယ်။

စကာတင်ရွေးထားတဲ့ ​ကုမ္ပဏီတွေ ​ထဲမှာ ​ကိုးရီးယား၊ ​ပြင်သစ်နဲ့ ​ဂျပန် ​နိုင်ငံက ​ကုမ္ပဏီတွေပါဝင်ပြီး၊ ​လုပ်ပိုင်ခွင့် ​ရသွားမှာ ​ဖြစ်တဲ့ ​ကုမ္ပဏီကို ​ဒီလထဲမှာ ​ကြေငြာသွါးပြီး ​- ​စီမံကိန်းကို ​စက်တင်ဘာလ ​ထဲမှာ ​စတင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​မကြာသေးခင်က ​တင်ဒါစနစ်နဲ့ ​ရွေးချယ် ​အနိုင်ရသွားတဲ့ ​နော်ဝေး ​နဲ့ ​ကာတား ​နိုင်ငံက ​ဆက်သွယ်ရေး ​စနစ် ​စီမံကိန်းနဲ့ ​အခုအခါမှာ ​နိုင်ငံတကာလေဆိပ်ဟာ ​မြန်မာ ​နိုင်ငံမှာ ​အခု ​နောက်ဆုံး ​နိုင်ငံခြား ​က ​ရင်းနှီး ​မြှုပ်နှံမှုတွေ ​ဖြစ်ပါတယ်။

မြန်မာ ​နိုင်ငံမှာ ​လောလောဆယ် ​နိုင်ငံတကာလေဆိပ် ​၃ ​ခု ​ရှိပြီး ​ကျန် ​၂ ​ခုကတော့ ​မန္တလေး ​နဲ့ ​နေပြည်တော်မှာဖြစ်ပါတယ်။

ရန်ကုန်လေဆိပ် ​ကြီးကိုလဲ ​ခရီးသည်ပေါင်း ​၆သန်း ​အထိ ​လက်ခံ ​နိုင်တဲ့ ​လေဆိပ် ​အဖြစ် ​ဆက်လက်တိုးချဲ့ဖို့ ​ရှိ ​နေပါတယ်။

လက်ရှိ ​လက်ခံ ​နိုင်တဲ့ ​ပမဏက ​၂.၇သန်းဖြစ်ပါတယ်။

No comments: