Friday, July 26, 2013

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး မြန်မာပြည် လာမယ်

ABC

မြန်မာနိုင်ငံကို ​ရှေ့လာမယ့် ​တပတ်အတွင်းမှာ ​ပြင်သစ်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီး ​Nicole ​Bricq ​ကနေဦးဆောင်ပြီးတော့ ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေးသမားများ ​၁၅ဦး ​ပါဝင်တဲ့ ​ကိုယ်စားလှယ်အဖွဲ့ ​တဖွဲ့မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိတယ်လို့ ​သိရပါတယ်။

ဇူလိုင်လ ​၃၀ ​ကနေ ​၃၁ ​ရက်နေ့အထိလာရောက်မယ့် ​ခရီးစဉ်အတွင်းမှာ ​ပြင်သစ်နိုင်ငံက ​မြန်မာနိုင်ငံအပေါ် ​ဘယ်လိုစီးပွားရေးတွေဏ္ဍတွေမှာ ​ကမ်းလှမ်းသွားမလဲဆိုတာတွေကို ​ဖော်ပြခွင့်ရှိမှာဖြစ်ပြီးတော့ ​မြန်မာနိုင်ငံက ​ဘဏ္ဍာရေးဝန်ကြီးနဲ့ ​တခြား ​အစိုးရတာဝန်ရှိသူတွေနဲ့လည်း ​တွေ့ဆုံသွားဖို့ရှိတယ်လို့ ​ဆိုပါတယ်။

ပြင်သစ်နိုင်ငံကို ​ပြီးခဲ့တဲ့တပတ်ကပဲ ​သမ္မတ ​ဦးသိန်းစိန်သွားရောက်လည်ပတ်ခဲ့ပြီး ​ပြင်သစ်သမ္မတနဲ့လည်းတွေ့ ​ဆုံခဲ့ပါတယ်။ ​သမ္မတဦးသိန်းစိန် ​ခရီးစဉ်မကြာခင်နောက်ပိုင်းမှာပဲ ​ပြင်သစ်ကုန်သွယ်ရေးဝန်ကြီးနဲ့ ​စီးပွားရေး ​ကိုယ်စားလှယ်အဖွဲ့တွေက ​မြန်မာနိုင်ငံကို ​အခုလိုလာရောက်မှာဖြစ်တယ်လို့ ​သိရပါတယ်။

No comments: