Tuesday, July 16, 2013

သံတွဲမှာဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်တဲ့အမှုကို တံခါးပိတ်စစ်ဆေးပြီ

ABC

ရခိုင်ပြည်နယ်သံတွဲမြို့မှာ ​ဇွန်လအတွင်းက ​ဖြစ်ပွားခဲ့တဲ့ ​ရခိုင်အမျိုးသမီးတဦးအဓမ္မ ​ပြုကျင့်ခံခဲ့ရမှုတွေနဲ့ ​ပတ် ​သက်တဲ့အမှုကို ​သံတွဲမြို့တရားရုံးမှာ ​မနေ့ကစပြီး ​တံခါးပိတ်စစ်ဆေးမှုတွေ ​စတင်ခဲ့တယ်လို့ ​သိရပါတယ်။

ဇွန်လအတွင်းက ​ရခိုင်အမျိုးသမီးတဦး ​မဓမ္မပြုကျင်ခံခဲ့ရတဲ့အတွက် ​သံတွဲမြို့ဒေသခံတွေ ​မကျေမနပ်ဖြစ် ​ပြီး ​ဒေသခံရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်တွေကြား ​ရုန်းယင်းဆန်ခတ်တွေ ​အပြန်အလှန်မီးရှို့မှုတွေကြောင့် ​ညမထွက်ရအမိန့်ကိုလည်း ​ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

အဓမ္မပြုကျင့်သူလို့ ​သံသယရှိသူ ​၂ဦးနဲ့ ​အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ​ရခိုင်အမျိုးသမီးတို့ကို ​စစ်ဆေးခဲ့တဲ့အခြေအနေနဲ့ ​ပတ်သက်ပြီး ​သံတွဲဒေသခံတဦးက ​အခုလိုပြောပါတယ်။

ရုံးထုတ်စစ်ဆေးတာကတော့လေ ​သူတို့တခါးပိတ်ပြီး ​စစ်ဆေးတာ၊ ​တရားလိုရော ​တရားခံရောစစ်ဆေးတယ်၊ ​ခလေးမလေးရဲ့ ​အရှက်တွေ ​မပေါ်အောင်၊ ​သိက္ခာဆည်တဲ့အနေနဲ့ပေါ့နော် ​ခလေးမလေးရှက်မှာစိုးလို့ ​ဆိုပြီးတော့ ​အပြင်ကလူတွေကို ​နားမထောင်ခိုင်းဘူး၊ ​တခါးတွေ ​ပိတ်ထားကြတယ်၊ ​အပြင်မှာတော့ ​လူတွေက ​အများ ​ကြီးရှိတယ်၊ ​စစ်ဆေးပြီးတဲ့အချိန်မှာ ​ခလေးမလေး ​မူးလဲသွားတာပါ၊ ​အခုသံတွဲဆေးရုံမှာ ​တင်ထားတယ်လေ။ 

ပြီးခဲ့တဲ့ဇွန်လက ​မစုစုမွန် ​အဓမ္မပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ​ သံတွဲမြို့နယ် ​တရားရုံးမှာ ​မစုစုမွန်အမှုကို ​ရုံးထုတ်စစ်ဆေးနေတာဖြစ်ပြီး ​သံတွဲ၊ ​တောင်ကုတ်မြို့က ​လူမှုရေးအဖွဲ့ ​အစည်းတွေနဲ့ ​ဒေသခံ ​ပြည်သူလူထုတွေ ​လာရောက်နားထောင်ခဲ့ကြတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: