Saturday, July 20, 2013

၂၀၁၅ ရွှေးကောက်ပွဲမှာ မျှတမှုရှိအောင် ကြိုစားမယ်ဟု ဦးရွှေမန်းပြော

ABC

၂၀၁၅ ​ခုနှစ် ​အထွေထွေရွေးကောက်ပွဲကို ​တရားမျှတမှု ​အရှိဆုံးဖြစ်အောင်လုပ်ဆောင်ဖို့နဲ့ ​၂၀၀၈ ​ခုနှစ်ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်နိုင်ရေးကိစ္စတွေအတွက် ​ပြည်သူ့လွှတ်တော်ဥက္ကဌ ​သူရဦးရွှေမန်းနဲ့ ​ဒေါ်အောင်ဆန်းစုကြည်တို့ ​ဟာ ​နှစ်ဦး ​ပူးတွဲပြီးတော့ ​ဇူလိုင်လ ​၁၈ ​မနက်ပိုင်းမှာ ​ပြည်သူ့လွှတ်တော်မှာ ​သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

၂၀၀၈ ​ခုနှစ်ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်နိုင်ရေး ​ကိစ္စကို ​ဒေါ်အောင်ဆန်းစုကြည်က ​အလေး ​ထား ​ပြောခဲ့ပြီးတော့ ​၂၀၁၅ ​ခုနှစ် ​အထွေထွေရွေးကောက်ပွဲ ​ကို ​တရားမျှတမှု ​အရှိဆုံးဖြစ်အောင် ​လုပ်သွားမယ် ​ဆိုပြီး ​တော့ ​လည်း ​ပြည်သူ့ ​လွှတ်တော် ​ဥက္ကဌ ​သူရ ​ဦးရွှေမန်း ​ကပြောပါတယ်။

၂၀၁၅ ​ရွေကောက်ပွဲမတိုင်ခင်မှာ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်ပြီးရင် ​ပြည်သူကရွေးချယ်တဲ့ ​လူကို ​သမ္မတ ​အဖြစ် ​လက်ခံရ ​မှာဖြစ်တယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောခဲ့ပါတယ်။

အခုလို ​ပြည်သူ့ ​လွှတ်တော် ​ဥက္ကဌ ​နဲ့ ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​လည်းဖြစ်၊ ​အမျိုးသားဒီမို ​ကရေစီ ​အဖွဲ့ချုပ် ​ဥက္ကဌ ​လည်း ​ဖြစ်တဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​တို့ ​၂ ​ဦးဟာ ​ပထမဆုံး ​အကြိမ် ​ပူးတွဲ ​သတင်းစာ ​ရှင်းလင်း ​ပွဲ ​ပြုလုပ်တာလည်း ​ဖြစ်ပါတယ်။

၂၀၁၅ ​မှာ ​နိုင်ငံတော် ​ဒေါ်အောင်ဆန်းစုကြည် ​နိုင်ငံတော် ​သမ္မတ ​ဖြစ်လာဖို့ ​အတွက် ​နဲ့ ​လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲ ​တစ်ရပ် ​ဖြစ်ဖို့ဆိုရင် ​ဖွဲ့စည်းပုံ ​ပြင်ဆင်ဖို့ ​ကို ​အဓိကလုပ်ဆောင်ပေးပါလို့ ​ဒေါ်အောင်ဆန်းစုကြည် ​က ​သတင်းစာရှင်းလင်း ​ပွဲ ​အတွင်းမှာ ​တရားဝင် ​အခုလို ​တောင်းဆို ​ခဲ့ပါတယ်။

“တကယ်ဆိုလို့ရှိရင် ​မှန်မှန်ကန်ကန် ​ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် ​မျှတအောင်လုပ်ပေးရမှာပေါ့၊ ​အဲတော့ ​ဥက္ကဌကြီးအနေနဲ့ ​ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုလို့ရှိရင် ​ကျမသမ္မတဖြစ်နိုင်အောင်လို့ ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြောင်းလဲရေးကိုလည်း ​လုပ်ပေးရမှာပေါ့၊ ​အဲဒီလိုမလုပ်ပေးရင် ​အဲဒါကမှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ​ဒီလိုပဲကျမက ​သတ်မှတ်ရမှာပဲ၊”


ဒေါ်အောင်ဆန်းစုကြည်က ​အခုလို ​၂၀၁၅ ​မှာ ​ သူ့အနေနဲ့ ​သမ္မတ ​ဖြစ်ဖို့ ​အလား ​အလာတွေ ​အများကြီးရှိတယ်လို့ ​ပြောဆိုလာတဲ့ ​အပေါ်မှာ ​သူရ ​ဦးရွှေမန်း ​ကလည်း ​အခုလို ​တုန့်ပြန်ပြောဆိုခဲ့ပါသေးတယ်။

" ​လာမယ့်ရွေးကောက်ပွဲမှာ ​တစ်ဖက်က ​အနိုင်ရရှိအောင် ​လုပ်မယ် ​လို့ပြောပါတယ်။ ​အဲ့ဒီ့တော့ ​ဥက္ကဋ္ဌအနေနဲ့ပြောချင်တာကတော့ ​ပိတ်ကားပေါ် ​မှာ ​စောင့်ကြည့်ပါပေါ့နော်။ ​နောက်တခု ​က ​ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ​လာမယ့်ရွေးကောက်ပွဲမှာ ​အမျှတဆုံးဖြစ်အောင် ​ဥက္ကဋ္ဌ ​လုပ်ပေးပါဆိုတာကို ​အဖြစ်နိုင်ဆုံး၊ ​အမျှတဆုံးဖြစ်အောင်ဥက္ကဋ္ဌကြီးက ​ကြိုးစားပါ့မယ်။ ​"

မကြာသေးခင် ​ကပြည်သူ့လွှတ်တော် ​ဥက္ကဌ ​သူရ ​ဦးရွှေမန်း ​က ​လာမဲ့ ​၂၀၁၅ ​ရွေးကောက်ပွဲမှာ ​ပြည်ခိုင်ဖြိုး ​အနေနဲ့ ​မဲ ​အပြတ်အသတ် ​နဲ့နိုင်ဖို့ ​မရှိဘူးဆိုရင် ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​နဲ့ ​ညွှန့်ပေါင်း ​အစိုး ​ရ ​ဖွဲ့ ​နိုင်ဖို့ ​အသင့် ​ရှိတယ်လို့ ​အမေရိကန် ​နိုင်ငံကို ​သွားရောက်စဉ်တုန်း ​က ​ပြောခဲ့ပါတယ်။

သူရ ​ဦးရွှေမန်းနဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​တို့ဟာ ​လာမဲ့ ​၂၀၁၅ ​အထွေထွေ ​ရွေးကောက်ပွဲ ​မှာ ​နိုင်ငံတော် ​သမ္မတ ​ဖြစ်ချင်တယ်ဆိုပြီး ​ပြောဆိုထားမှု ​တွေ ​လည် ​ရှိတဲ့ ​အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​တင်ထွဋ်နိုင် ​က ​သတင်းပေးပို့ ​ထားပါတယ်။

No comments: