Thursday, July 18, 2013

ယခင်အစိုးရရဲ့မီဒီယာသမားအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို စုံစမ်းပေးဖို့ RWB ပြော

ABC

မြန်မာနိုင်ငံ ​အစိုးရ ​အဆက်ဆက်ကနေ ​စာနယ်ဇင်းသမားတွေအပေါ် ​ကျူးလွန်ခဲ့တဲ့ ​ပြစ်မှုတွေကို ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်ပေဖို့ ​Reporters ​Without ​Borders ​(RWB) ​နယ်စီးမခြား ​စာနယ်ဇင်းသမားများ ​အဖွဲ့က ​သမ္မတ ​ဦးသိန်းစိန်ကို ​တောင်းဆိုလိုက်ပါတယ်။

၁၉၆၂ ​ခုနှစ်ကစပြီး ​မြန်မာစစ်အစိုးရ ​အဆက်ဆက်ကနေ ​သတင်းသမားတွေ၊ ​ဘလော့ဂါတွေနဲ့ ​အွန်လိုင်းပေါ်က ​လှုပ်ရှားသူတွေအပေါ် ​ပြစ်မှုကျူးလွန်တာ ​ရှိခဲ့တဲ့အတွက် ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တစ်ရပ်ဖွဲ့ပြီး ​အရေးယူမှုတွေ ​လုပ်ပေးဖို့ ​ပြင်သစ်နိုင်ငံကို ​ရောက်ရှိနေတဲ့ ​သမ္မတဦးသိန်းစိန်ကို ​စာရေးတောင်းဆိုကြတာ ​ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် ​ဦးဆောင်တဲ့ ​အစိုးရလက်ထက်အတွင်း ​လူ့အခွင့်အရေးကော်မရှင်ကို ​ဖွဲ့စည်းပြီး ​စာနယ်ဇင်းလွတ်လပ်မှု ​ပိုမိုပေးခဲ့ပေမယ့် ​အရင်က ​ဖြစ်ခဲ့တဲ့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေနဲ့ ​ပတ်သက်ပြီး ​သိသာတဲ့ ​ဆောင်ရွက်ချက်တွေ ​မတွေ့ရသေးဘူးလို့ ​နယ်စီးမခြား ​စာနယ်ဇင်းသမားများအဖွဲ့ရဲ့ ​စာမှာ ​ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရလက်ထက်အတွင်း ​နယ်စီးမခြား ​စာနယ်ဇင်းသမားများ ​အဖွဲ့အနေနဲ့ ​အစိုးရရဲ့ ​အမည်မည်း ​စာရင်းမှာ ​ထည့်သွင်းခံရတဲ့အတွက် ​မြန်မာနိုင်ငံမှာ ​လှုပ်ရှားခွင့်မရတဲ့အကြောင်း၊ ​မြန်မာအာဏာပိုင်တွေကနေ ​သတင်းထောက်တချို့ကို ​ဖမ်းဆီး ​ထောင်ချမှုတွေ ​လုပ်ခဲ့တဲ့အတွက် ​တချို့က ​ထောင်တွင်းမှာပဲ ​သေဆုံးခဲ့ရတာတွေ ​တချို့ကတော့ ​သတင်းရယူဖို့ ​ကြိုးစားတုန်း ​ရိုက်နှက် ​ပစ်သတ်ခံရတာတွေ ​ရှိခဲ့တဲ့အတွက် ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်ပေးဖို့ ​တောင်းဆိုခဲ့ကြပါတယ်။

No comments: