Friday, July 5, 2013

ရခိုင်တိုင်းရင်းသား အမျိုးသမီးများဘ၀ လုံခြုံမှုမရှိဟု RWU ပြော

မိုးဇော်

ဘင်္ဂလီနှစ်ဦးထံ မဒိန်းကျင့်ခံလိုက်ရသည့် မစုစုမွန်။ (ဓါတ်ပုံ - ရခိုင်သားဖေ့စ်ဘုတ်)

ရခိုင်အမျိုးသမီးများ ရခိုင်ပြည်မှာနေပြီး ဘ၀လုံခြုံမှုမရှိဘူးဟု ဘင်္ဂလားဒေ့ခ်ျနိုင်ငံအခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)၏ သတင်းနှင့် ပြန်ကြားရေး(ယာယီတာဝန်ခံ) စောခင်အေးလွင်က ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မြို့မှ အမျိုးသမီးငယ်တစ်ဦး သံတွဲတွင် သားမယားအဖြစ် ပြုကျင့်ခံလိုက်ရသည့် ဖြစ်ရပ်က သက်သေပြလိုက်ပြီဖြစ်ကြောင်း စောခင်အေးလွင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

" ကျမတို့ ရခိုင်အမျိုးသမီးတွေ ကိုယ့်ရခိုင်ပြည်မှာနေပြီးတော့ လုခြုံရေးမရှိဘူးဆိုတာကို ဒီဖြစ်ရပ်တွေက သက်သေပြနေပါပြီ။ အစိုးရအနေနဲ့ သေချာတဲ့နေရာချထားပေးတာတွေ အပါအ၀င် ရခိုင်နယ်မြေ မဆုံးရှုံးစေရေးအတွက် သတိကြီးစွာထားပြီး အလုပ်လုပ်ဖို့လိုတဲ့အကြောင်း ပြောချင်ပါတယ်။ " ဟူ သူက ပြောသည်။

၂၀၁၂ ခုနှစ် မတ်လ (၂၈)ရက်နေ့က ရမ်းဗြဲမှ မသီတာထွေး မဒိန်းကျင့်ခံရမှုနှင့် ယခုနှစ် ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မှ မစုစုမွန် မဒိန်းကျင့်ခံရမှုများမှာ ကြိုတင်ကြံစည်မှုတစ်ခုအဖြစ် RWU အနေဖြင့် သုံးသပ်ကြောင်း စောခင်အေးလွင်က ပြောဆိုသည်။

" ၂၀၀၆ ခုနှစ်မှာ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာက အမျိုးသမီးငယ် (၆) ဦးမှာ မယူတောင်တန်းထဲတွင် မဒိမ်းကျင့်ခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်တုန်းကလည်း မောင်တောမြို့နယ်က အသက် (၄၀)ကျော် အမျိုးသမီးတဦး မောင်တောဒေသခံ မူဆလင်တွေရဲ့ မဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာလည်း ရသေ့တောင့်မြို့နယ် ကိုးတင်ကောက်ကျေးရွာက အမျိုးသမီးငယ်(၂)ဦးကို အုပ်စုလိုက် မဒိမ်းကျင့်တာကို ခံခဲ့ရပါတယ်။ " ဟု စောခင်အေးလွှင်က ဆက်ပြောသည်။

ရခိုင်ပြည်ရှိ ဒေသခံ ရခိုင်တိုင်းရင်သား အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ရခိုင်အမျိုးသမီးများအား မူဆလင်များမှ မဒိန်းကျင့်စော်ကားမှုမှာ လွန်ခဲ့သောနှစ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး အသက်သေဆုံးမူးများလည်း ရှိနေခြင်း၊ ဤသို့ဖြစ်နေခြင်းမှာ တိုင်းပြည်လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး ရခိုင်ပြည်လုံခြုံရေးကို မျက်ခြည်မပြတ်စောင့်ကြည့်ရန်နှင့် မဒိန်းမူကျူးလွန်သူများအား ထိရောက်စွာအရေးယူရန် စသည့်အချက်သုံးချက်ကို ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ရခိုင်တိုင်းရင်းသား အမျိုးသမီးများအား ဘင်္ဂလီများမှ မဒိန်းကျင့်နေခြင်းနှင့် ပတ်သက်၍ " ရခိုင်တိုင်းရင်းသား အမျိုးသမီးတွေကို ဘင်္ဂလီတွေက မဒိန်းကျင့်တာဟာ ရခိုင်အမျိုးတွေရဲ့ စိတ်ထဲမှာ ဘင်္ဂလီတွေကို ကြောက်လာအောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်နေတာဖြစ်တယ်၊ ဒီလို မဒိန်းကျင့်မှုတွေ မဖြစ်ပေါ်ရအောင် ရခိုင်တမျိုးသားလုံးမှာ တာဝန်ရှိသလို အုပ်ချုပ်သူ အစိုးရမှာလည်း တာဝန်ရှိပါတယ်။ " ဟု ရသေ့တောင်မြို့နယ် အာရက္ခဖောင်ဒေးရှင်းမှ ဒေါ်စိုးစိုးဌေးက ပြောသည်။

မစုစုမွန်အား အဓမ္မပြုကျင့်သည့် ဘင်္ဂလီနှစ်ဦးကို သံတွဲရဲစခန်းတွင် တရားစွဲဆိုထားပြီး ၄င်းတို့ပြစ်မှုကျူးလွန်သည့် သက်သေခံပစ္စည်းများကို ဓါတုဗေဒဌာနသို့ စစ်ဆေးရန်ပို့ထားကာ ယင်းဌာနမှပြန်လည်ပို့ပေးပြီးမှာသာ ထိုသူတို့ကို တရားစီရင်ရန် ရုံးထုတ်ပေးမည်နှင့် အဆိုပါအမှုအား ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ၀ိုင်းဝန်းပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေမှ တာဝန်ရှိသူ ကိုစိန်ချစ်ကပြောသည်။

No comments: