Thursday, February 27, 2014

လွှတ်တော်ထဲမှာ ပြောသမျှ

ဉဏ်လှိုင်လင်း

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်အဖွဲ့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ သည်။ ယင်းနောက် ကိုယ်စားလှယ်အချို့က မှတ်သားစရာများကို မဇိ္ဈမသို့ ဤသို့ဆိုခဲ့သည်။

ကြွက်မိဖို့သာ အရေးကြီးသည်

“ကြောင်ဖြူ၊ ကြောင်မည်းတွေက အရေးမကြီးဘူး ကြွက်မိဖို့ပဲ အရေးကြီးတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မှတ်ချက်ပြုခဲ့သည်။ အဆိုပါ ကော်မရှင်အဖွဲ့ဝင်များကို သမ္မတ၊ လွှတ် တော်ဥက္ကဋ္ဌ နှစ်ဦးတို့ ငါးဦးစီ ရွေးချယ်ခြင်းပြီး သမ္မတအဆိုပြုသူများထဲမှ တစ်ဦးက ဥက္ကဋ္ဌတာဝန်ကို ရယူ သွားနိုင်သည်။ထိုအမတ်၏ မှတ်ချက်ကဲ့သို့သောစကားကို တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် တိန့်ရှောင် ဖိန်က ၁၉၈ဝ ပြည့်နှစ်များအတွင်း ပြောကြားခဲ့ဖူးပြီး မည်သည့်စနစ် ကျင့်သုံးစေကာမူ နိုင်ငံတိုးတက်ရေး သာ အဓိကဖြစ်သည်ဟု ဆိုလိုရင်း ဖြစ်သည်။

အင်ဒိုကော်မရှင် ဥက္ကဋ္ဌလို အဖမ်းမခံရဖို့


၂ဝဝ၉ခုနှစ်၊ အောက်တိုဘာ ၁၁ရက်တွင် သမ္မတ ဆူဆီလိုဘမ်ဘန်ယူဒိုရိုနို၏ အမိန့်ဖြင့် ရာထူးမှ ဖြုတ်ချ အရေးယူခြင်းခံရသည့် အင်ဒိုနီးရှား အဂတိလိုက်စားမှု အမြစ်ပြတ် တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌကဲ့သို့ မဖြစ်စေရန် ဆန္ဒပြုသည်ဟု အမတ်တချို့က ပြောသည်။ သို့သော် အင်ဒိုကော်မရှင်ဥက္ကဋ္ဌသည် လူသတ် ရန်အမိန့်ပေးမှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ထို့သို့ အရည်အချင်း ပျက်ယွင်း၍သာ ဖြုတ်ချခံရခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

“အင်ဒိုနီးရှား အဂတိလိုက်စားရေး ကော်မရှင်လိုတော့ မဖြစ်အောင်တော့ ဆန္ဒပြုရမှာပေါ့၊ ဘာကြောင့်လဲ ဆိုရင် ဟိုးတစ်နှစ်ကတော့ ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် ထောင်ကျသွားတယ်၊ အခုလူကတော့ ဆိုးမယ် မထင်ပါဘူး” ဟု မိတ္ထီလာ ပြည်သူ့ လွှတ်တော်အမတ် ဦးဝင်းထိန်က ပြောသည်။

ဒုတိယဗိုလ်မှူးကြီးတစ်ဖြစ်လဲ မကွေး အမှတ် (၁၂) အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကလည်း “အင်ဒိုနီးရှားမှာ အဂတိလိုက်စားမှု ကော်မရှင်ဥက္ကဋ္ဌက လာဘ်စားမှုနဲ့ ပြုတ်သွားတယ်။ လာဘ်ပေးလာဘ် ယူအဖွဲ့ထဲမှာပါတဲ့ ပုဂ်္ဂိုလ်တွေဟာ ဘယ်သူလုပ်နေလဲ၊ သတ္တိရှိရှိ ဖော်ရမယ်၊ သူကိုယ်တိုင်လည်း ကင်း ရှင်းရမယ်” ဟု ဆိုသည်။ ယခုဖွဲ့စည်းလိုက်သည့် ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းသည် ဗိုလ်ချုပ်အဆင့်ဖြင့် ယန္တရားတပ်ကို ဦးဆောင်ခဲ့ဖူးသူဖြစ်ပြီး ရိုးဖြောင့်သူဟုလည်း ဦးလှဆွေက မှတ်ချက်ပြုခဲ့သည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ ခြောက်လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှုနှင့် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာများကို သက်ဆိုင်ရာကော်မတီ တာဝန်ရှိသူတို့ လွှတ်တော်သို့ တင်ပြရာတွင် ဤသို့သော ထူးခြားမှတ်ချက်များ ပါဝင်သည်။


ဒီတစ်မျက်နှာပဲ စိတ်ဝင်စားစရာ ကောင်းတယ်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ လွှတ်တော်သို့ပေးပို့သည့် အစီရင်ခံစာတွင် အခန်း (၁ဝ)ခန်းနှင့် စာမျက်နှာပေါင်း ၂၂၉ ခု ပါဝင်သည်။ ယင်းကို လေ့လာသုံးသပ်ထားသည့် စီမံကိန်း များနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာသည်လည်း စာမျက်နှာ ၄၂ မျက်နှာအထိ ရှိသည်။

ထိုအစီရင်ခံစာကို ပူးပေါင်းကော်မတီအဖွဲ့ဝင် သာပေါင်းအမတ် ဦးဝင်းသန်းက မဖတ်ကြားမီ “ချုပ်ကြည့် လိုက်ရင် ကျွန်တော်တို့ အဓိကစိတ်ဝင်စားသင့်တာ ဒီတစ်မျက်နှာပဲ ရှိပါတယ် ခင်ဗျာ”ဟု လွှတ်တော်သို့ ဦးစွာ အစီရင်ခံခဲ့သည်။ အနိမ့်ဆုံး ဖော်ပြသင့်သည့် စာရင်းဇယား၊ သဘောထား မှတ်ချက်များကိုသာ စု စည်းထားသည်ဆိုသော လွှတ်တော်၏ အစီရင်ခံစာတွင် တစ်မျိုးသားလုံး၏ နှစ်အလိုက် ဈေးနှုန်းအရ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၊ ရည်မှန်းချက်နှင့် အကောင်အထည်ဖော်နိုင်မှု တန်ဖိုးနှင့် ရာခိုင်နှုန်းများကို ဖော်ပြထားသည်။


ချစ်ခြင်း မုန်းခြင်းမရှိ

ထို့ပြင် တစ်မျိုးသားလုံး၏ နှစ်အလိုက်ဈေးနှုန်းအရ ရည်မှန်းချက်ကို ပြည့်မီကျော်လွန်သည့် တိုင်း၊ ပြည်နယ် များ မတွေ့ရှိရသည်ကိုလည်း ဦးဝင်းသန်းက လွှတ်တော်သို့ တင်ပြသည်။

ကျော်လွန်သည်များ ရှိပါသလားဟု ကော်မတီက ရှာဖွေသော်လည်း မတွေ့ရှိဟု ဦးစွာဆိုခဲ့ပြီး “ဒါကတော့ ကိန်းဂဏန်းအရ တင်ပြတာ ဖြစ်ပါတယ်။ ဘာမှ ကျန်တဲ့အကြောင်းအရာ အကြောင်းပြချက် ချစ်ခြင်း၊ မုန်း ခြင်း မရှိပါဘူး၊ ဘာမှ တွေ့ရှိရခြင်း မရှိသေးပါဘူး” ဟု ဆက်လက်ပြောဆိုသည်။

သို့သော် တနင်္သာရီ၊ ကယား၊ မကွေး၊ ရန်ကုန်၊ မန္တလေး၊ ချင်း၊ ဧရာဝတီတို့သည် ရည်မှန်းချက် မပြည့်မီရန် အလားအလာကောင်းသည့် စာရင်းဝင်ခဲ့သည်။ နေပြည်တော်ကာင်စီမှာမူ ရှမ်း၊ မွန်၊ စစ်ကိုင်း၊ ကရင်၊ ပဲခူး၊ ရခိုင်၊ ကချင် တို့နှင့်တန်းတူ အခက်အခဲရှိနိုင်သည်ဟု သတ်မှတ်ခံရသည်။

No comments: