Thursday, February 27, 2014

“ကျွန်တော့်ရည်းစား ဘုရားမှာနေသည်” ရုပ်ရှင်ကို ဗုဒ္ဓဘာသာလက်ခံသည့်နိုင်ငံများ၌ ပြသမည်

မိုးသူ

ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးနေသည့် “ကျွန်တော့်ရည်းစား ဘုရားမှာနေသည်” ရုပ်ရှင် ဇာတ်ကားကို ဗုဒ္ဓဘာသာလက်ခံသည့် ပြည်ပနိုင်ငံများ၌ သွားရောက်ပြသမည် ဖြစ်သည်။ ယင်းဇာတ်ကားကို ဖေဖော် ဝါရီ ၂၈ ရက်တွင် အပြီးသတ်ရိုက်ကူးမည် ဖြစ်သည်။ အဆိုပါဇာတ်ကားကို မေလအတွင်း၌ ဇာတ်ကား တစ်ကားလုံး ကြည့်ရှုရသည်အထိ ပြီးစီးမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ရုံတင်ရက်စောင့်ဆိုင်းကာ ပြသ နိုင်မည်ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးက မဇ္ဈိမသို့ ပြောသည်။

“ဒီဇာတ်ကားကို သူတို့အနေနဲ့ မြန်မာ့အသွင်ဆိုတော့ တော်တော်လေး ထူးဆန်းတယ်။ ပြည်ပမှာ သွားပြ ဖို့အတွက် ပြောထားတာကတော့ လေး၊ ငါးနေရာလောက်တော့ ရှိတယ်”ဟု ယင်းက ပြောသည်။

ယင်းဇာတ်ကားသည် မြန်မာတို့၏ သမိုင်းအယူအဆအရ ဘုရားသိုက်သမိုင်း “မြစိမ်းရှင်”သိုက်အကြောင်း ကို ရိုက်ကူးခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများတွင် သွားရောက် ပြသမည်ဖြစ်သည်။

၎င်းဇာတ်ကားသည် ဗုဒ္ဓဘာသာ၊ သာသနာကို နိုင်ငံအများအပြား၌ လက်ခံလာကြခြင်းကြောင့် လောက တွင် ၃၁ ဘုံရှိခြင်း နှင့် သရဲ၊ တစ္ဆေ၊ ဥစ္စာစောင့်ရှိခြင်းကို ယင်း နိုင်ငံများက လက်ခံလာကြခြင်းကြောင့် သွားရောက်ပြသမည် ဖြစ်သည်။အဆိုပါ ဇာတ်ကားကို ထိုင်း၊ အင်ဒိုနီးရှား၊ ကိုရီးယားနိုင်ငံနှင့် ဂျပန်စသည့် ဗုဒ္ဓဘာသာနိုင်ငံများတွင် သွားရောက်ပြသမည် ဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကားကို မြန်မာပရိသတ်များ ယခင်ကြည့်ရှုနေရသည့် ရုပ်ရှင်ဇာတ်ကားများထက် ပိုမိုကြိုက်နှစ်သက်မည်ဖြစ်ကြောင်းကို ကြယ်စင်မော် ကွန်းရုပ်ရှင်ဇာတ်ကားဖြင့် အောင်ပွဲခံခဲ့သည့် ဒါရိုက်တာ ပန်းချီစိုးမိုးက ရဲဝံ့စွာပြောခဲ့သည်။

“ကျွန်တော့်ရည်းစား ဘုရားမှာနေသည်” ရုပ်ရှင်ဇာတ်ကား၏ မူရင်းဝတ္ထုကို စာရေးဆရာ ကိုနန်းမူက နှစ် ပေါင်း ၂ဝ ခန့် ရေးသားထားခြင်း ဖြစ်သည်။ အဆိုပါဇာတ်လမ်းတွင် မြန်မာ့ရိုးရာ ဆံပင်ပုံစံများဖြစ်သည့် ဆံထောက်ပုံစံ၊ စရစ်ဝိုင်းပုံစံများနှင့် ရှေးခေတ်တွင် ဆော့ကစားခဲ့သည့် ရွှေစွန်ညို၊ ထုပ်ဆီးတိုးကစားကွက် များကို ဆယ်ဝိုင်းရွာတွင်ရှိသည့် ကလေးများအားလုံး ဆော့ကစားနေခြင်းကိုလည်း ထည့်သွင်းရိုက်ကူး ထားသည်။

ယင်းရုပ်ရှင်သည် အလွန်ရုပ်ဆိုးသည့် မိဘနှစ်ပါးမှ ချောမောလှပသည့် သမီးတစ်ယောက်ကို မွေးဖွားလာ ပြီး လူ့လောကတွင် ရုပ်ချောမှုကြောင့် စိတ်ဆင်းရဲရပုံများနှင့် ယင်းမိန်းကလေးသည် ဘုရားသိုက်မှ လူ့ဘဝ သို့ ရောက်ရှိလာကာ လူ့ဘဝတွင် အမျိုးသားနှစ်ယောက်ဖြင့် ချစ်ကြိုးသွယ်သည့်ဇာတ်လမ်းကို ရိုက်ကူး ထားသည့် အချစ်ဇာတ်လမ်း သိုက်သမိုင်းဇာတ်ကား ဖြစ်သည်။

အဆိုပါဇာတ်ကားကို မေလတွင် ပြသမည်ဖြစ်ပြီး ပခန်းကြီး၊ ရေစကြို၊ ပုဂံနှင့် ဆယ်ဝိုင်းရွာတို့တွင် သွား ရောက်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ယင်းဇာတ်ကားကို နေနော် နှင့် မကွေးဝင်းဆောင်တို့က ဇာတ်ညွှန်းရေး သားပြီး ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးကာ Studio 35 မှ ထုတ်လုပ်ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် ရဲအောင်၊ စိုးရန်အောင်၊ ခင်ဇာခြည်ကျော်၊ မိုးယုစံနှင့် ခင်ဝင့်ဝါတို့ ပါဝင် သရုပ်ဆောင်ထားကြသည်။

No comments: