ABC
မြန်မာနိုင်ငံအပေါ် ထားရှိနေသေးတဲ့ အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်မံပယ်ဖျက်ပေးဖို့ ဂျပန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပယ်ဖျက်မှသာ ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီးတော့ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ချောမွေ့စွာ ကူညီထောက်ပံ့နိုင်မှာဖြစ်တယ်လို့ ဂျပန် သံအမတ်က အမေရိကန်ကို မနေ့ကပဲ ပြောလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကလူတွေ အမေရိကန်နိုင်ငံမှာ လွတ်လွတ်လပ်လပ် စီးပွားရေးတွေလာရောက် လုပ်ကိုင်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ လက်ရှိ ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်စန်းစစ်ရမယ့်အချိန်ဖြစ်နေပြီလို့ ဂျပန်သံအမတ် Kenichiro Sasae က ၀ါရှင်တန်မှာ မိန့်ခွန်းပြောကြားစဉ်အတွင်း ပြောလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုလုပ်လာတာကို အားပေးတဲ့အနေနဲ့ အမေရိကန်က မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအတော်များများကို ဖယ်ရှားခဲ့ပေမယ့် အချို့တ၀က်ကျန်ရှိနေသေးတယ်လို့ ဂျပန်သံအမတ်ကဆိုပါတယ်။
ရှေ့ဆက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြည့်အ၀ရရှိရေးအတွက် ဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာတွေမှာ ဂျပန်နဲ့ အမေရိကန် နိုင်ငံတွေအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ ကဏ္ဍကနေ ပူးပေါင်း ပါဝင်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကလည်း စီးပွားရေးမှာ ပိုမို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ နိုင်ငံရေးစနစ်မှာ ဥပဒေစိုးမိုးမှုတွေရှိလာဖို့အတွက် ပိုမိုကြိုးစားလုပ်ဆောင်သင့်ကြောင်း နိုင်ငံတကာ ငြိမ်းချမ်းရေးဆိုင်ရာ ပညာရှင်များအဖွဲ့က ကြီးမူးကျင်းတဲ့ဆွေးနွေးပွဲမှာ ဂျပန်က မြန်မာနိုင်ငံကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
No comments:
Post a Comment