Thursday, February 27, 2014

ရခိုင်ပြည်လုံးဆိုင်ရာ ညီလာခံအတွက် လုံခြုံရေး အလေးထားဆောင်ရွက်မည်

ကေဇူး

ပထမအကြိမ် ရခိုင်ပြည်လုံးဆိုင်ရာညီလာခံ ကျင်းပရေးတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပူပေါင်းကာ လုံခြုံ ရေးကို အဓိကထား ဆောင်ရွက်မည်ဟု ညီလာခံကျင်းပရေးဦးဆောင်သူ ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူမြို့တွင် ဧပြီ၂၇ ရက်မှ မေ၂ ရက်ထိ ခုနစ်ရက် ကျင်းပမည်ဖြစ်ပြီး တက်ရောက်လာသူများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

“ရခိုင်ခေါင်းဆောင်အားလုံး၊ ပြည်သူအားလုံး ပါဝင်ပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေ ရခိုင်လက် နက်ကိုင်တွေပါ လာမှာဖြစ်တဲ့အတွက် လုံခြုံရေးကို အထူးတင်းကြပ် ဆောင်ရွက်မှာပါ”ဟု ဦးဇော်အေး မောင်က ပြောသည်။

ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးဖြစ်စဉ်များတွင် ရခိုင်တိုင်းရင်းသားအရေးကိစ္စများကို တညီတညွတ်တည်း တောင်းဆိုနိုင်ရန် ရည်ရွယ်သည်ဟု ညီလာခံကျင်းပရေးကော်မတီဝင် ဦးဖေသိန်း က ပြောသည်။

“တစ်နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ခုကို အစိုးရက ကျင်းပသည်ဖြစ်စေ တိုင်းရင်းသားတွေက ကျင်းပ သည်ဖြစ်စေ ဖြစ်လာမှာပဲ ရခိုင်နဲ့ပတ်သက်ရင် အားလုံး တစ်သံတည်းဖြစ်နေအောင် အရင်ဆုံး ညီလာခံ လုပ်မှာပါ။ ခြောက်လတစ်ကြိမ် လုပ်နိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု ဦးဖေသိန်းက ပြောသည်။

အဆိုပါညီလာခံ၏ ရည်ရွယ်ချက်ထဲတွင် ရွေးကောက်ပွဲအောင်နိုင်ရေး၊ အမျိုးသားအစိုးရအဖွဲ့ ထူထောင် နိုင်ရေးတို့ပါဝင်ပြီး ထိုသို့ကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးဇော်အေးမောင်က “ကျွန်တော်တို့က ရခိုင်ညီ လာခံတွေကနေတစ်ဆင့် အသံတစ်သံတည်းသာမက အနာဂတ်မှာ ရခိုင်အားလုံးကို ကိုယ်စားပြုမယ့် အဖွဲ့အစည်း ပါတီတစ်ခုတည်း ဖြစ်စေရေးကို ရည်ရွယ်ပါတယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်အမျိုးသားများအားလုံး ရခိုင်ပြည်လုံးဆိုင်ရာညီလာခံ ကျင်းပရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းနှင့် တွေ့ဆုံတင်ပြခဲ့ပြီး ဖြစ်သည်။ ဦးအောင်မင်းကတစ်ဆင့် သမ္မတထံ တင်ပြကာ သမ္မတ၏ ခွင့်ပြုချက်ရရှိမှသာလျှင် ကျင်းပခွင့်ရရှိမည် ဖြစ်သည်။

ညီလာခံကျင်းပနိုင်ရေးကော်မတီအနေဖြင့် အပတ်စဉ်တွေ့ဆုံမှုများ ပြုလုပ်ကာ ညီလာခံကျင်းပရေး လှုံ့ ဆော်မှုများ ပြုလုပ်လျက်ရှိသည်။

No comments: