Wednesday, February 26, 2014

တန်ဖိုးမြင့်ကား တင်သွင်းမှုများ၍ အဆင့်မီ စက်ဆီ၊ ချောဆီဈေးကွက် ဖြစ်ထွန်းလာ

မျိုးသန့်

မြန်မာနိုင်ငံတွင် တန်ဖိုးမြင့်ကားများနှင့် ဆိုင်ကယ်များ တင်သွင်းမှုများလာခြင်းကြောင့် အရည်အသွေး မြင့် စက်ဆီ ချောဆီများကို ပိုမိုအသုံးပြုလာကြပြီး ဈေးကွက်တစ်ခုဖြစ်ပေါ်လာခဲ့ကြောင်း ကားအပိုပစ္စည်း နှင့် ဆက်စပ်သုံးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်များက မဇ္ဈိမကို ပြောသည်။

“အခုက တန်ဖိုးမြင့်မော်တော်ယာဉ်တွေ ၀င်လာတဲ့အတွက် အရင်ကလို စက်ဆီ၊ ချောဆီတွေကို တွေ့ ကရာ မသုံးတော့ဘူး။ ဂရိတ်အဆင့်သတ်မှတ်ချက်၊ ကီလိုမီတာ ဘယ်လောက်စီးနိုင်တယ်စတဲ့ အာမခံ ချက်တွေပေးတဲ့ အဆင့်မီပစ္စည်းတွေကို အသုံးပြုလာကြပါတယ်။ ဒါကြောင့် ဈေးကွက်တစ်ခုအနေနဲ့ ဖြစ် ပေါ်လာပါပြီ”ဟု မော်တော်ယာဉ် ဆက်စပ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ရှင်းလင်းပြောပြသည်။

ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များမှာ ပြည်တွင်းတွင် ယခင်ကရှိခဲ့သည့် ယာဉ်များထက် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာခြင်း၊ အင်ဂျင်ပိုင်းဆိုင်ရာ တည်ဆောက်မှုများပြောင်းလဲလာခြင်း၊ အ ဆင့်နိမ့်ပစ္စည်း မှားယွင်းထည့်သွင်းမိပါက မလိုလားအပ်သော ချို့ယွင်းချက်များ ဖြစ်ပေါ်လာနိုင်ပြီး အင် ဂျင်သက်တမ်း ကြာရှည်မခံဘဲ တိုတောင်းသွားနိုင်သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်လာကြခြင်းဖြစ် သည်။

“အခုရောက်ရှိလာတဲ့ ကားတွေမှာကတော့ အဓိက အရည်အသွေးကောင်းတဲ့ ဆက်စပ်ပစ္စည်းတွေကို အသုံးပြုနေရပါတယ်။ တချို့ဆိုရင် သတ်မှတ်ချက်ပါတဲ့ မော်တော်ယာဉ်အမျိုးအစားတွေတောင် ရှိပါတယ်။ ဒါမှ အင်ဂျင်လည်ပတ်အား ကောင်းတယ်။ မီးခိုးထွက်ရှိမှုလည်းနည်းပါတယ်”ဟု မော်တော်ယာဉ် ပြုပြင်သူ ဦးမိုးသူက ပြောသည်။

လက်ရှိ ပြောင်းလဲနေသော အနေအထားများကြောင့် မြန်မာနိုင်ငံထဲသို့ ယခင်ကတည်းက ကားအများ ဆုံးတင်သွင်းခဲ့သော ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ်နိုင်ငံများက အရည်အသွေးပိုင်းဆိုင်ရာ အ ဆင့်မြှင့်ပြုပြင်ကာ တင်သွင်းလာကြကြောင်း၊ အခြားနိုင်ငံတကာ ကုမ္ပဏီကြီးများကလည်း မြန်မာနိုင်ငံသို့ တင်သွင်းရန် စတင်စီစဉ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“အင်ဂျင်ဝိုင်တွေကို အရင်ကတော့ နည်းနည်းကောင်းတာလောက်ကိုပဲ တင်သွင်းခဲ့ရတာပါ။ သေချာစိ စစ်တင်သွင်းတာမျိုး ရှားပါတယ်။ ဂရိတ်သတ်မှတ်ချက်တွေ၊ ဘယ်လိုအသုံးပြုရမလဲဆိုတာတွေ၊ ကားအမျိုးအစားခွဲပြီး အသုံးပြုရမယ်ဆိုတာတွေကို အခုကျတော့ လုပ်ဆောင်နေရပါပြီ။ အရင်က ပစ္စည်း ကောင်း ဈေးနှုန်းမြင့်တာတင်သွင်းရင် လုံးဝမကိုက်ပါဘူး။ အခုတော့ ဈေးနှုန်းမြင့် စက်သုံးဆီတွေကို တင်သွင်းလို့ရပါပြီ။ အဆင်လည်း ပြေပါတယ်”ဟု စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

No comments: