ABC
ဟောင်ကောင်မှာ အိမ်ကူအလုပ် လုပ်ကိုင်မယ့် မြန်မာနိုင်ငံကအလုပ်သမားတွေဟာ မနေ့ကပဲ ဟောင်ကောင်ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။
လက်ရှိ မြန်မာအစိုးရလက်ထက်မှာ ဒါဟာ ဟောင်ကောင်ကို တရားဝင် အိမ်ကူအလုပ်သွားရောက် လုပ်ကိုင်တဲ့ ပထမဦးဆုံး အသုတ်ဖြစ်ပါတယ်။
သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံက အိမ်ကူအလုပ်လုပ်မယ့်သူ အယောက်ပေါင်း ၃၀၀ ကို ဟောင်ကောင်က လက်ခံသွားမှာဖြစ်ပြီးတော့ အခုပထမအသုတ်ထဲမှာ အမျိုးသမီးတွေပဲ ၁၉ ဦး ပါဝင်တယ်လို့ အလုပ်အကိုင်အတွက် စီစဉ်ဆောင်ရွက်ပေးနေတဲ့ အေဂျင်စီ လုပ်ငန်းက ပြောပါတယ်။
ဟောင်ကောင်မှာ အိမ်ကူအလုပ်လုပ်ကိုင်တဲ့ သူပေါင်း သုံးသိန်းလောက် ရှိနေပြီး သူတို့တွေအများစုဟာ အင်ဒိုနီးရှားနဲ့ ဖိလိပိုင်နိုင်ငံက လာတဲ့သူတွေဖြစ်ပါတယ်။
အခုလိုမျိုး ဟောင်ကောင်မှာ အိမ်ကူအလုပ် သွားရောက်လုပ်ကိုင်ကြတဲ့ သူတွေများပေမယ့် တဖက်မှာလည်း သူတို့တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေဖြစ်နေပါတယ်။
ပြီးခဲ့တဲ့လကပဲ ဟောင်ကောင်မှာ ၈လကြာ အိမ်ကူ အလုပ်လုပ်ကိုင်ခဲ့တဲ့ အင်ဒိုနီးရှားကလာတဲ့ အမျိုး သမီးတစ်ဦးကို သူမအလုပ်ရှင်ရဲ့ ရိုက်နှက်နှိပ်စက်တာတွေကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတယ်လို့ အိမ်တွင်းအလုပ်လုပ်ကိုင်သူတွေကို ကူညီပေးနေတဲ့ အဖွဲ့က စုံစမ်းသိရှိခဲ့ပါတယ်။
အဲလိုမျိုး သတင်းတွေထွက်ပေါ်လာတဲ့အတွက် အိမ်ကူအလုပ်သမတွေစုပေါင်းပြီး ဆန္ဒပြကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီအလုပ်ရှင်ဟာ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုခံထား ရတယ်လို့လည်း သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လက်ရှိစာရင်းထဲမှာတော့ ဟောင်ကောင်နိုင်ငံမှာ အိမ်ကူအလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄၇ဦး ရှိထားပြီသားဖြစ်ပြီး သူတို့တွေကတော့ တသီးပုဂ္ဂလအနေနဲ့ လာရောက်ကြတဲ့ သူတွေဖြစ်ပါတယ်။
No comments:
Post a Comment