Thursday, February 27, 2014

တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ခွင့်ရရန် အစိုးရထံ တင်ပြထား

မျိုးသန့်

မန္တလေးတိုင်းဒေသကြီးအတွင်းနှင့် မိုးကုတ်မြို့တွင် နေထိုင်သော အခြေခံလူတန်းစားများ တူးဖော်လုပ် ကိုင်နိုင်သည့် တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ခွင့်ပေးရေးအတွက် ပြည်ထောင်စုအစိုးရထံ တင်ပြ ထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်က မဇ္ဈိမ ကို ပြောသည်။

“အခြေခံလူတန်းစားတွေ အဆင်ပြေစေဖို့အတွက် တစ်နိုင်တစ်ပိုင်လုပ်ကွက်တွေ ချထားပေးဖို့ ပြည် ထောင်စုအစိုးရကို တင်ပြထားတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါ့အပြင် သယံဇာတခွဲဝေခွင့်ဆိုင်ရာတွေကို လည်း တင်ပြထားပါတယ်”ဟု ၀န်ကြီးဦးသန်းစိုးမြင့်က ပြောသည်။

အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲနွမ်းပါးမှု လျော့ပါးပပျောက်စေရန်၊ လုပ်ငန်းလုပ်ကိုင်ရာ၌ မလိုလားအပ်သောပြဿနာများ မဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်ကာ ဆန္ဒထုတ် ဖော်ခြင်းများ မဖြစ်ပွားစေရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။

မိုးကုတ်ဒေသ ကွက်သစ်များတွင် ကျောက်မျက်တူးဖော်ခွင့်များ ပိုမိုရရှိစေရေးအတွက် တစ်ဧက တစ်နိုင် တစ်ပိုင် လုပ်ပိုင်ခွင့်ရရှိရန် ကွက်သစ်များ ဖော်ထုတ် သွားမည်ဖြစ်သည်။

ပတ်ဝန်းကျင်ထိခိုက်စေနိုင်သော နေရာများ၊ ထပ်မံသက်တမ်းတိုးရန် မသင့်သောနေရာများ၊ စည်းကမ်း ချက်နှင့်မညီသောနေရာများကိုလည်း လုပ်ငန်းကြီးများကို လည်း သက်တမ်းထပ်မံတိုးခွင့် မပေးတော့ဟု ၀န်ကြီးက ဆက်ပြောသည်။

တစ်နိုင်တစ်ပိုင်လုပ်ခွင့်ကို မိုးထိမိုးမိဒေသအနီးရှိ တံခွန်ချောင်းအနီးအတွင်း ဧကတစ်ရာကွက်တစ်ခု ဖော်ထုတ်ချထားပေးပြီးဖြစ်ကြောင်း၊ ထပ်မံတိုးချဲ့ လုပ်ဆောင်ရန် သက်ဆိုင်ရာသို့ တင်ပြထားရှိကြောင်း၊ ၎င်းက ဆက်လက်ပြောကြားသည်။

တစ်နိုင်တစ်ပိုင်လုပ်ပိုင်ခွင့်အပြင် ကျောက်မျက်ရတနာတူးဖော်ခွင့်အတွက် သယံဇာတခွဲဝေခွင့်ဆိုင်ရာ များကို ပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဖြစ်ကာ ပြည်နယ်အသီးသီးက လုပ်ပိုင်ခွင့် ၇၀ရာခိုင်နှုန်း၊ ပြည်ထောင်စုက ၃၀ ရာခိုင်နှုန်း ထိန်းချုပ်ခွဲဝေသွားရန် တင်ပြမည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတိုင်းတွင် ပြည်နယ်အသီးသီးက ထိန်းချုပ်ခွဲဝေ လုပ်ဆောင်နေကြသဖြင့် ယခုကဲ့သို့ တင်ပြရန် စီစဉ်ခြင်းဖြစ်သည်။

တစ်နိုင်တစ်ပိုင် လုပ်ကွက်နေရာသတ်မှတ်မှုအဖြစ် ရွှေလုပ်ကွက်တစ်ဧက၊ သတ္တုလုပ်ကွက် ငါးဧကပေး ရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေးထားရှိကာ အကြိုသဘောတူညီမှု တစ်ခုကိုလည်း ရရှိထားပြီ ဖြစ်သည်။

No comments: