ရွှေဟင်္သာ
ဆိုင်းငံ့ထားသည့် မွန်အမျိုးသား ညီလာခံ ပြန်လည်ကျင်းပ နိုင်ရေးကို အဓိက ထားသော ပုံမှန် ဗဟိုကော်မီတီ အ စည်း အဝေး တရပ်ကို လာမည့် ဧပြီလ (၄) ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် ချောင်းဖျားရှိ ၄င်းတို့၏ ဌာနချုပ်၌ ကျင်း ပမည် ဖြစ်သည်ဟု ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာ ဗိုန်ခိုင်မှ ဆိုပါသည်။
“ ပုံမှန် အစည်း အဝေးပါဘဲ။ မွန်နှစ်ပါတီ ပေါင်းစည်းရေး အခက် အခဲကြောင့် ဆိုင်းငံ့ခံ ထားရတဲ့ မွန်အမျိုးသား ညီလာခံ ကိစ္စရယ်။ ပြီးတော့ စစ်ရေး၊ နိုင်ငံရေး ကိစ္စတွေ ရယ်။ ပုံမှန်အစည်း အဝေး အစည်းအဝေးမှာ တင်နေကြ အစီရင်ခံစာ ကိစ္စတွေပေါ့။ အဲဒါတွေကို ဆွေးနွေးကြမှာပေါ့။” ဟုဆိုပါသည်။
ထို့အပြင် ရှေ့လတွင် ကျင်းပရန် ရှိသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ညီလာခံ ကိစ္စ နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အပေါ် မွန်ပြည်သစ်၏ သဘောထား တရပ်ရရှိရန်ကို သုံးသပ်ဆွေး ကြမည်ဟု ဆိုပါသည်။
မွန် တမျိုးသား လုံး ညီလာခံ သည် ၂၀၁၄ ခုနှစ်ဆန်း ၌ ကျင်းပရန် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကုန်မှ ကျင်းပသည့် မွန် ပြည်နယ် မော် လမြိုင်မြို့ မွန်အမျိုးသား အကြို ကွန်ဖရင့် တွင် ချမှတ်ခဲ့ပါသည်။ သို့သော် မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရေစီ ပါတီနှင့် မွန်ဒီမိုကရေစီ ပါတီတို့ ပေါင်းစည်းရေး တွင် အဆင်မပြေ ခဲ့သဖြင့် ရက်ရွှေ့ဆိုင်း ခဲ့ခြင်း ဖြစ်ပါသည်။
မွန်ပြည်သစ် ပါတီသည် မွန်အမျိုးသား ညီလာခံ အမြန်ဆုံး ကျင်းပနိုင်ရန် လိုလားနေပါသည်။ အစိုးရထံ တရားဝင် မှတ်ပုံတင် ထားသော ထိုနှစ်ပါတီ ပေါင်း စည်း နိုင်ခြင်း မရှိသဖြင့် စိတ်မ ရှည်နိုင်တော့ဘဲ နောက်ဆုံး အသွင်ပြောင်း ဖွဲ့စည်းမည့် ပါတီသစ်ကို သာ အသိအမှတ်ပြု တော့မည် ဖြစ်သည်ဟု ဗဟို အလုပ်အမှု အစည်းအ ဝေးတွင် ဆုံးဖြတ်ခဲ့ပါသည်။
ဤကဲ့သို့ ဆုံးဖြတ် လိုက်ပြီး မွန်ပြည်သစ် ပါတီ ၀င်ဟောင်းများကို အသစ်ဖွဲ့စည်း သော ပါတီသစ်၌ အင်အားဖြည့် ကြ ရန် စည်းရုံး လှုပ်ဆော်ခဲ့ ကြောင်း ပါတီ ၀င်ဟောင်း များက ဆိုပါသည်။ ထို့အပြင် ယခုကျင်းပသည့် ၂၀၁၄ ခုနှစ် ပုံမှန် ဗဟို ကော်မီတီ အစည်းအဝေး သို့လည်း ဇန္နာဝါရီလမှ ဆုံးဖြတ် ထားသော အ ထက်ပါ ဗဟိုအလုပ် အမှုဆောင် ဆုံး ဖြတ်ချက်ကို ထပ်မံ အတည်ပြု ချက်ရရန် တင်ပြဖွယ် ရှိနေပါသည်။
မွန်ပြည်သစ် ပါတီသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် အခြား တိုင်းရင်းသား များနှင့် အတူ စာချုပ်ချုပ် ဖွယ်ရှိပါသည်။ စစ်ရေး ကိစ္စတွင်လည်း အ ရွယ်ရောက် သူမွန်အမျိုးသား တိုင်း စစ်ပညာ သင်ကြားရေး အမြင်ကို ကာ လရှည်ကြာ ဆွေးနွေးလာခဲ့ရာမှ ယခုကျင်းပ မည့် ဗဟိုကော်မီတီ အစည်းအဝေးသို့ တင်ပြတော့ မည်ဟု မွန်ပြည် သစ်ပါတီ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီဂကောင်း က ဆိုပါသည်။
ထို့အတူ အထွေထွေ အတွင်းရေးမှူး ဘ၀ကတည်းက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ထံ တာဝန်ပေး စေလွှတ် ထားေ သာ နိုင်ဟံသာ ကိုလည်း ထိုတာဝန်မှ ရပ်ဆိုင်းရန်ရှိပြီး ၄င်း၏ ပါတီဒုတိယ ဥက္ကဌ တာဝန်သစ် အား အချိန်ပြည့် တာဝန်ထမ်းဆောင် စေချင်နေပါသည်။
ဤသို့ကြောင့် ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ သည် မတ်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့ ၌ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာ တွင် ကျင်းပရန် ရှိသော တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ညှိနှိုင်းရေး ကိစ္စ ပြီးသည်နှင့် မွန်ပြည်သစ် ပါတီဌာနချုပ် သို့ ပြန်ရမည်ဖြစ်သည်။
မွန်ပြည်သစ် ပါတီ၏ ပုံမှန် ဗဟို ကော်မီတီ ဝင်အစည်း အဝေးသည် တနှစ်တကြိမ် ကျင်းပပါသည်။ ၄င်းတို့ပါတီတွင် ဖွဲ့စည်းပုံ အရ ဗဟိုကော်မီတီဝင် (၂၇) ဦးနှင့် အရန် ဗဟို ကော်မီတီဝင် (၅) ဦး ရှိပါသည်။ ကော်မီတီဝင်များ ကျဆုံး ခြင်း၊ နှုတ်ထွက်ခြင်း တို့ကြောင့် အရန် (၅)ဦးမှ ယခု အရန် (၁)ဦးသာ ကျန်တော့သည်။ ထို ကော်မီတီဝင် (၂၇)ဦးထဲ တွင် မွန်အမျိုးသား လွတ် မြောက် ရေး တပ်မတ်ာထဲ ၌ဗဟိုစစ် ကော်မီတီဝင် (၇) ဦး ပါဝင်သည်။
မွန်ပြည်သစ် ပါတီသည် မွန်ပြည်နယ် ထဲမှ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ ဖါးအံခရိုင် ဆက်စပ်နယ် မြေ များနှင့် ပင်လယ် ရေပြင်တွင် လှုပ်ရှား ကြပါ သည်။ အင်အား တထောင်ကျော် ခန့် ရှိသည်ဟု မှန်းကြပြီး ၁၉၅၈ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့တွင် စတင် ဖွဲ့စည်း ခဲ့ပါသည်။
၁၉၉၅ ခုနှစ်တွင် ပထမ အကြိမ် အစိုးရနှင့် အပစ် အခတ် ရပ်စဲ ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့် တပ် ဖွဲ့စည်း ရေး ပေါ်လစီကြောင့် အပစ်ရပ်ရေး ကိစ္စ ခေတ္တ ပျက်ပြယ် ခဲ့ပါသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ လတွင် ဒုတိယအကြိမ် ထပ်မံအပစ်အခတ် ရပ်စဲခဲ့ပြန် ပါသည်။

No comments:
Post a Comment