နန်းမြင့်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရှိ ရန်ကင်းသာ (ညောင်ချောင်းသာ) ကမ်းခြေတွင် သင်္ကြန်ကာလအတွင်း လူဦးရေ ၅၀,၀၀၀ ခန့် ဝင်ရောက်ခဲ့သည်ဟု အဆိုပါ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းကြည်က ပြောသည်။
''ဒီနှစ်က ညောင်ချောင်းသာကို လာကြတာ မနှစ်ကထက်ပိုများတယ်။ ထော်လာဂျီတွေနဲ့လာကြတယ်" ဟု ၎င်းက ပြောသည်။
သင်္ကြန်ကာလအတွင်း ညောင်ချောင်းသာတွင် သေဆုံးသူ နှစ်ဦးရှိပြီး ရေနစ်သေဆုံးခြင်း မဟုတ်ဘဲ သောက်စားမူယစ်ခြင်းကြောင့် သေဆုံးခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
"သင်္ကြန်တွင်းမှာ နှစ်ဦးသေတာကလည်း သူတို့ ထိုင်နေတဲ့ နေရာမှာပဲ ရာသီဥတုကပူ၊ အရက်မူးလွန်ပြီး အန်ဖက်စို့ သေတာဖြစ်တယ်''ဟု ပြောသည်။
ညောင်ချောင်းသာ ကမ်းခြေသို့ သင်္ကြန်ကာလတွင်း လာရောက်သူများ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန်လည်း တစ်လမ်းမောင်းစနစ်ကို ပြုလုပ်ပေးခဲ့သည်။
ညောင်ချောင်းသာသို့ ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ပြီး ဝင်ကြေးအဖြစ် လူကြီး တစ်ဦးလျှင် ၂၀၀ကျပ်၊ ကလေးတစ်ဦးလျှင် ၁၀၀ကျပ် ကောက်ခံခဲ့သည်ဟုဆိုသည်။ ကမ်းခြေတွင် ဆိုင်ခန်းပေါင်း ၄၀ရှိပြီး မြစ်ရေမတက်မီ အချိန်ထိ ဖွင့်လှစ်ထားမည် ဖြစ်သည်။
၂၀၁၄ခုနှစ် သင်္ကြန်ကမူ ညောင်းချောင်းသားကမ်းခြေသို့ လူဦးရေ လေးသောင်းနီးပါး ဝင်ရောက်ခဲ့သည်။
No comments:
Post a Comment