Monday, April 6, 2015

သမ္မတခန့်လိုသည့် တိုင်းရင်းသားအဖွဲ့ဝင် ရှစ်ဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ခန့်လိုက်ပြီ

သိင်္ဂီထွန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တိုင်းရင်းသားများပါဝင်သည့် အဖွဲ့ဝင်သစ် ရှစ်ဦးကို ထပ်မံခန့်အပ်လိုက်သည်ဟု သမ္မတလက်မှတ်ဖြင့် ဧပြီ ၃ရက်က ထုတ်ပြန်ကြေငြာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၈)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးအင်ဇော်နော်၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘလှိုင်၊ဦးဟာကီး၊ ဒေါက်တာ မောင်မောင်ကြည်၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်း၊ ဒေါက်တာစိုင်းစံဝင်းတို့ ရှစ်ဦးကို ထပ်မံခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ယခုခန့်အပ်လိုက်သူ ရှစ်ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ခန့်အပ်ပေးလိုကြောင်း သမ္မတက ဧပြီ ၃၀ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်ရှိတွင် ဥက္ကဋ္ဌ ၁ ဦးနှင့်အ ဖွဲ့ဝင် ၆ ဦးစုစုပေါင်း ၇ ဦးဖြင့်ဖွဲ့စည်းထားပြီး ထပ်မံ၍ ၈ ဦးတိုးမြှင့်ကာ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးအား တာဝန်ခံကြီးကြပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဌ ၁ ဦးနှင့် အဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

No comments: